Chapter...21

18.9K 1K 35
                                    

အခန်းထဲသို့ ခြေသံလုံလုံနဲ့ဝင်လာတဲ့မောင့်ဆီက ဆေးလိပ်
နံ့ခပ်သင်းသင်းက ကပ်ပါလျက်မို့ ရိုး အိပ်ရာထဲလှဲနေရင်းမှ
ကုန်းထလိုက်ကာ မောင့်အား ဂရုတစိုက်မော့ကြည့်လိုက်
လေ၏။

မောင်ကတော့ အကျီကြယ်သီးတွေကိုဖြုတ်နေရင်းမှ သူအား
လှည့်ကြည့်ကာ...

"ခြင်ထောင်မထောင်ဘူးလား"

"မောင်လာမှ ထောင်မယ်လုပ်ထားတာ"

"သက်သက်လှဲနေရင် ခြင်တွေကိုက်ကုန်မှာပေါ့ခင်ဗျား..
နောက်ခါ ခင်ဗျားအိပ်ယာထဲရောက်တာနဲ့ခြင်ထောင်ထောင်
လိုက်...မောင့်ကိုမစောင့်နေနဲ့"

"ဒါဆို ကိုကို့နေရာမှာ မောင်ဆိုရင်ကော တယောက်တည်း
ဝင်ခွေနေမှာလားဟင်"

ထိုအမေးကို မောင်က မျက်ခုံးတွေတွန့်ချိုးလိုက်ရင်းမှ သက်
ပြင်းချလိုက်ပြီး သူ့အားထပ်မံ စူးစိုက်ကြည့်လာပြန်ပါ၏။
မောင့်ရဲ့လက်ရှိပုံစံသည်ကား ကြယ်သီးတွေအကုန်ဖြုတ်
လိုက်ပြီးဖြစ်ပေမဲ့ အလုံးစုံတော့အကျီကိုမချွတ်သေး ရင်ဘတ်
ဟပြဲ၌ မောင့်ရဲ့ တောင့်တင်းခိုင်မာတဲ့ကြွက်သားအလိပ်လိပ်
တွေကြောင့် ရိုးမသိမသာ မျက်နှာလွှဲလိုက်လေသည်။

"ကိုကို ခြင်ထောင်ထောင်ဦးမယ်"

မောင့်အကြည်တွေကြောင့် လူမှာပုခုံးလေးပင်တွန့်ကိုယ်လေး
ကျုံ့နေပြီမို့ အမြန်ပင် မောင်ရှေ့ဆက်ပြောမည့်စကားပင်မ
စောင့်တော့ အရှက်ပြေရာ စကားလမ်းလွှဲလိုက်ပြီး မောင့်ကို
ကျောခိုင်းကာ ခြင်ထောင်စကိုဆွဲလိုက်လေ၏။

ထိုအခါ....

"မောင်! ဘာလုပ်တာလဲလို့...ခြင်ထောင်ထောင်ဦးမယ်လေ"

"နေပါဦးခင်ဗျားရာ...ဖက်ထားပါရစေဦး"

"ခဏနေဦးလေ...ဒီမှာခြင်ထောင်ထောင်ဖို့ကတန်းလန်းကြီး
ရယ်မောင်"

"ဘာလဲ...ခင်ဗျားက မကြိုက်ဘူးလား...ဟမ်!"

ရုတ်ချည်း သူ့ပုခုံးပေါ်ခေါင်းလေးမှီပြီးချွဲနွဲ့နေကာ ပြွတ်သိပ့်
မတတ်ဖက်ထားတဲ့မောင်က လေသံရုတ်တရက်ပြောင်းကာ
အမာဘက်သို့ကူးပြောင်းပြီး သူ့အားခက်ထန်တဲ့အကြည့်တွေ
ဖြင့်ကြည့်နေလေပြီ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now