Chapter...29

14.6K 857 27
                                    

တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ သူခိုးကြီးည ကျ
ရောက်မည့်နေ့တနေ့ပင်ဖြစ်လေ၏။

"မဟုတ်သေးပါဘူး...ကိုကြီးရိုးရယ်"

ခေါင်းတွင်တွင်ခါ၍ ယုံကြည်ဖို့ခက်ခဲစွာနှင့် ဖိုးကံကောင်းမှာ
ငြင်းဆန်နေလေပါ၏။ အဘယ်သို့မှမဖြစ်နိင်တာကြီး...

ဟင့်အင်း သူ့အနေနဲ့ယုံနိင်ဖို့ဆိုတာ ဝေခွဲမရဖြစ်နေတဲ့အခြေ
အနေတစ်ခုမှာကျရောက်နေသလိုပင်...သို့ပေမဲ့ ထိုလူကြီး
ကို သဘောကျမိသလိုဖြစ်မိတာတော့သူမငြင်းချင်ပေ။

"ဘာလို့မဖြစ်နိင်ဘူးလို့တွေးရတာလဲ...ငြင်းဆန်နေရတဲ့အ
ကြောင်းကကော...သေချာစဉ်းစားပါဦး"

"သူကိုမယုံတာထက် ကိုယ့်ကိုကိုမယုံနိင်သေးတာ..ကျွန်
တော်ကဘယ်လိုအခြေအနေမျိုးရှိတာသိရက် လက်ခံတယ်
ဆိုတော့"

"မောင့်သူငယ်ချင်းက ညီအပေါ် တကယ်ချစ်တယ်လို့ ကိုကြီး
ရိုးတော့ ခံစားမိတယ်...နိင်ငံခြားလူမျိုးဖြစ်နေလို့ လက်ခံဖို့
ခဲယဉ်းနေတာလား...ဒါဆိုရင်"

"မ..မဟုတ်ဘူး"

အိမ်တွင်အမေနဲ့အကိုတို့ရှိနေပေမဲ့ ကိုကြီးရိုးကို စိတ်ချယုံ
ကြည်တာကြောင့် အခန်းထဲ ဖိုးကံကောင်းနဲ့စကားပြောနေ
တာကိုပင် သာမာန်ရိုးရိုးသားသားပဲဟုထင်တာမို့ လွှတ်ထား
ခြင်းပင်။

တကယ်တော့ ရိုးသားတာထက်ပိုလွန်စွာ လီယွန်က သူခိုးကြီး
ညကျ လာခိုးမည်ဟု သတင်းပါးလိုက်တာခြင်းပင်။ ခက်သည်
က ဖိုးကံကောင်းလေးက သူရဲ့အမှန်တရားဖြစ်တဲ့ ဒ္ဓီလိင်ဖြစ်
သူဆိုတာသိပေမဲ့ လက်ခံပြီးချစ်ရုံမျှမက ဒီညလာခိုးမည်ဟု
ဆိုင်းမဆင့်ဗုံမဆင့်ကြီးပြောနေလေတော့ နားလည်ဖို့ခဲယဉ်း
မည်ဆိုတာ နားလည်ပါ၏။

သူ့မှာလည်း လီယွန်ကို သဘောကျရင်ခုန်မိပေမဲ့ သူရဲ့ဖြစ်
တည်မူကိုမုန်းသွားလေမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမူနဲ့
အကိုနှစ်ယောက်ရဲ့ ရန်မီးကြောင့်သာ မချစ်မနှစ်သက်ပါဘူး
ဟု အမုန်းစကားတွေမပြောချင်ပါနဲ့ မျက်စီစုံမှတ်၍တင်းခဲ့ကာ
ပြောရခြင်းပင်။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now