Part-1

6.5K 175 8
                                    

~ဆေးရုံတစ်ခုတွင်~

"ဒေါက်တာ ရှောင်း! ဒေါက်တာရှောင်း!"
"အခန်း150က လူနာ သတိလစ်သွားလို့  လာကြည့်ပေးပါအုံး"

"အင်း ကောင်းပြီ"
****
သူလေးကတော့ ရှောင်းရှောင်ကျန့် wangxiaoဆေးရုံကြီးရဲ့ အထွေထွေရောဂါကု ဒေါက်တာပေါ့......အထွေထွေဆိုသည့်တိုင် အလုပ်အရမ်းရှုပ်လွန်းပါသည် ဂျူတီချိန်များတယ်ပြောရင်ပိုလို့တောင်မှန်ပေမည် ညဆိုင်းဆင်းရတဲ့ရက်တွေလည်းများလှသည် သို့သော်လည်း ဆရာဝန်အလုပ်ကိုချစ်မြတ်နိုးသူဖြစ်သည့်အပြင် တစ်ကိုယ်တည်းသမားလည်း ဖြစ်တာမို့ ဆေးရုံမှာဘဲအချိန်ပြည့်ရှိနေတက်သည်

"ဒေါက်တာ ကျမသားလေးအခြေအနေလေး ပြောပြပေးပါ"

"ဘာမှမဖြစ်တော့ပါဘူး အခုလည်း သတိရနေပြီဆိုတော့......ကား accident ဖြစ်ထားတာဆိုတော့ မှတ်ဉာဏ်တွေ ကောင်းကောင်းအလုပ်မဖြစ်သေးတာပါ..တစ်ပတ်လောက် ဆေးရုံတက်ပြီးနားလိုက်ရင်တော့ အဆင်ပြေပါပြီ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာရယ်"

"ရပါတယ် အန်တီရဲ့ ဒါဆို သွားခွင့်ပြုပါအုံးနော်"

"အင်းအင်း"

"ဒေါက်တာ!"
ရှောင်ကျန့်ထွက်သွားမည်အလုပ် သူ့လက်ကို လှမ်းဆွဲလာတဲ့ ကောင်လေး..... ရှောင်ကျန့်လည်း ထိုသူ့ကုတင်ဘေးတွင်ဝင်ထိုင်လိုက်ပြီး သူ့ကိုဆွဲထားတဲ့ လက်ကို အသာလေးအုပ်ကိုင်လိုက်တယ်

"အင်း ပြောလေ"

"ကျွန်တော့နားမှာ ခဏလောက်လေးဘဲဖြစ်ဖြစ် ထပ်နေပေးပါလား..."

"ငါ့ကို မင်းအနားမှာရှိနေစေချင်လို့လား"
ရှောင်ကျန့်ထိုသို့မေးလိုက်တော့ သူ့ကိုခေါင်းညိမ့်ပြလာလေရဲ့ သူကတစ်ချက်ပြုံးလိုက်ကာ ပြောတယ်

"ဟုတ်ပါပြီ နေပေးပါ့မယ်"

"ကျေးဇူးပါ ဒေါက်တာ"

"သားရယ် ဒေါက်တာက အလုပ်တွေနဲ့လေ"

"ရပါတယ် အန်တီရဲ့ အန်တီတို့ ခဏလောက်အိမ်ပြန်ပြီးနားလိုက်လေ နောက် တစ်နာရီထိ ကျွန်တော်အလုပ်မရှိလို့ သူ့နားနေပေးလိုက်မယ်"

Dear Naughty Boy......//COMPLETE//Where stories live. Discover now