Part-19

1.1K 53 2
                                    

Unicode

ရင်ခွင်ထဲကလူက အိပ်မောကျနေပေမဲ့ သူကဘယ်လိုမှအိပ််မရ။လှုပ်ရင်လည်း နိုးသွားမှာစိုးတာနဲ့ သူ့မှာ ဖက်ထားလျက်နှင့်သာ ဟိုကြည့်သည်ကြည့်ဖြစ်နေရသည်။

ထုတ်မပြောပေမဲ့ နောက်တစ်နည်းနဲ့ လက်ခံလိုက်မှန်းသိပေမဲ့ အိပ်မက်ဖြစ်နေမှာဆိုးလို့ အတည်ပြုရတာလည်းအမော။နောက်ဆုံး မနေနိုင်တော့ ရင်ခွင်ထဲကလူရဲ့ နဖူးလေးကို ဖွဖွလေးနမ်းလိုက်တယ်။ပြီးတော့ ပါးလေးတွေဆီ နစ်ဝင်အောင် ဖိနမ်းလိုက်ပြီးခါမှ နိုးသွားမလားဆိုတဲ့အသိနဲ့ ပြန်ကြည့်ရပြန်တယ်။ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူမို့တော်ပါသေးရဲ့...။

*အိပ်မက်ဆိုရင်တောင် မနိုးထချင်တော့ဘူးရှောင်းရယ်*

တွေးရင်း နှုတ်ခမ်းတို့ဆီ ဖွဖွလေးနမ်းမိတော့ ရင်ခွင်ထဲကလူက ဆက်ခနဲထထိုင်လာတာမို့ သူ့မှာသူခိုးလူမိဖြစ်သလိုမျိုး အိုးတိုးအမ်းတမ်း။

"အာ ဆေးသောက်ချိန်ကျော်ပြီပဲ ဟူး အိပ်ပျော်သွားတယ် ခဏလေး ခဏလေး"

တစ်ယောက်ထဲပြောပြီး ကုတင်ပေါ်က ဆင်းသွားကာ စားပွဲပေါ်က ဆေးကိုယူနေတော့မှ သက်ပြင်းမသိမသာခိုးချရတယ်။

တော်သေးတာပေါ့ မိတော့မလို့။

"ရော့!မင်းကလည်း နိုးနေတယ်ဆိုလည်း ငါ့ကိုနှိုးရောပေါ့ ဆေးသောက်ချိန်ကျော်နေပြီ"

*ဆယ်မိနစ်လေးထဲကျော်သွားတာကို ဆူလိုက်တာဗျာ*

Yiboတွေးရင်း ပေးတဲ့ဆေးကိုယူသောက်လိုက်သည်။

"တစ်ခုခုများမေ့မနေဘူးလား ရှောင်း..."

"ဟမ် ဘာလဲ ဘာမေ့လို့လဲ.....အာ မင်းကိုတိုက်မဲ့ဆေးတစ်ခုများကျန်ခဲ့လို့လား"

Yiboဆီက တကယ်ကြီးလား ဆိုတဲ့အကြည့်ပြန်ရလာတော့ xiao zhanမှာခေါင်းလေးကုပ်ကာ စဥ်းစားနေရပြန်သည်။

"ဒီနားလာ..."

ခေါ်လိုက်တော့ သူ့နားကို ရောက်ချလာပြီး သူပြောမှာကိုစောင့်ဆိုင်းနေလေသည်။

"ဘာကျန်သေးလဲတကယ်မသိတာလား.."

"အွန်း"

Xiao zhanကခေါင်းငြိမ့်ပြတော့ Yiboက သူ့လက်ညိုးကို နှုတ်ခမ်းပေါ်တင်ပြရင်း

Dear Naughty Boy......//COMPLETE//Where stories live. Discover now