✨Part-15✨

1.5K 60 0
                                    

Unicode

ရက်တွေတဖြည်းဖြည်း ကုန်လာပြီးတဲ့နောက် Yiboတို့နှစ်ယောက် ဆက်ဆံရေးဟာ အရင်ထက်ပိုအဆင်ပြေလာကြပြီး နှစ်ယောက်သားက ပေါ့ပေါ့ပါးပါးပြန်ဖြစ်လာကြသည်။yiboဘက်ကလည်း အဖြေတဂျီဂျီမတောင်းတော့သလို xiao zhanဘက်ကလည်း ထိုအကြောင်း yiboစကားမစမိအောင်နေသည်။ခုဆိုသူတို့နှစ်ယောက်က သွားအတူလာအတူနဲ့ သူငယ်ချင်းလုံးလုံးပင်ဖြစ်တော့မည်။

Yiboဘက်ကလည်း အတူရှိနေရပြီးရောဟုဆိုကာ သူ့ဒေါက်တာလေးထည့်ထားတဲ့ friend zoneထဲ၌သာ ငြိမ်နေရသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်။

-zhan ge ခုအားလား?

ညဘက်တစ်ယောက်ထဲပျင်းနေတာနဲ့ စာလှမ်းပို့လိုက်သည်။

-မအားဘူး

Xiao Zhanဘက်ကလည်း သူစာပို့ပြီးသည်နှင့် ချက်ချင်းစာပြန်လာသည်။

-စာကျက်နေတာလား?

-မဟုတ်ဘူး အပြင်ရောက်နေတာ

-ဘယ်မှာလဲ?တစ်ယောက်ထဲလား?ကျွန်တော်လာလို့ရလား?

-ငါတစ်ယောက်ထဲမဟုတ်ဘူး ငါတက်ခဲ့တဲ့ ဆေးတက္ကသိုလ်က အဖွဲ့တွေနဲ့ အတူ စားသောက်ဆိုင်တစ်ဆိုင်ရောက်နေတာ ဒီနေ့တွေ့ဆုံပွဲလေ
-အဲ့တော့ မင်းလာရင်လည်း တစ်ယောက်ထဲ ယောင်တောင်တောင်ဖြစ်နေမှာ

-ဘယ်နားကစားသောက်ဆိုင်လဲ?

သူထပ်မေးလိုက်တော့ သူ့ဆီ ဝက်ဝံလေးမက မျက်ဖြူလှန်ပြနေတဲ့ လှုပ်ရှားစတစ်ကာလေး တစ်ခုပို့လာသည်။ပြောချင်တာက မင်းလျှာတော်တော်ရှည်တယ် ဆိုတဲ့ သဘော။

-မြို့ထဲတော့မဟုတ်ဘူး MDZS ဆိုင်လေ သိတယ်မလား အဲ့မှာ...

(K/N-ဆိုင်နာမည်စဥ်းစားမရလို့🗿💔)

-အဲ့က အဝေးကြီးပဲလေ zhan geရဲ့

စာနဲ့အတူ ဝက်ဝံလေး ငိုနေတဲ့ စတစ်ကာလေးပါ ပို့လာသည်။

-အင်း အဖွဲ့ထဲကတော်တော်များများက ဒီနယ်ဘက်မှာပဲနေတာဆိုတော့ ဒီမှာပဲလုပ်လိုက်ကြတာ

-vcခေါ်မယ်....

စာနဲ့အတူ သူ့ထံဝင်လာပါသော video callကြောင့် xiao zhanပြုံးမိသည်။သူ့အဖြေတောင်မစောင့်ဘူး။ချက်ချင်းမကိုင်သေးပဲ သူ့နားကလူတွေကို ဖုန်းသွားပြောအုံးမယ်ဟုပြောခဲ့ကာ လူရှင်းပြီး အသံတိတ်တဲ့နေရာလာခဲ့သည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now