Part-2

2.7K 112 4
                                    

*uni*

"Yibo!!! Yibo!!! တော်တော့! ရန်မဖြစ်နဲ့တော့!!!"

"ငါ့ကိုမဆွဲစမ်းနဲ့!!"

"Wang Yibo!!!ငါပြောနေတယ်လေ!!! တော်တော့လို့!!"

လမ်းကြားလေးတစ်ခုထဲတွင် ရန်ဖြစ်နေကြသော Wang yiboနှင့် ကောင်လေးတစ်သိုက်
အကြောင်းအရင်းကတော့ yiboရဲ့ သူငယ်ချင်းဖြစ်သူ Alinaကြောင့်ပင် Alinaအလုပ်က အပြန်ထိုကောင်လေးတစ်သိုက်မှ လိုက်နှောင့်ယှက်နေသည်ကို Yiboတွေ့သွားတာက ပြဿနာအစဖြစ်သည်

"Yibo!!စိတ်ထိန်းလို့!"
Yiboမှာဒေါသထွက်နေသေးသော်လည်း Alinaက ဆွဲထားသဖြင့် ငြိမ်လိုက်ရတော့သည်

"မင်းတို့ နောက်တခါသူ့ကို လိုက်နှောင့်ယှက်ရင် ငါနဲ့တွေ့မယ်!!တောက်စ်"

"ဟ ဘာလဲ ကောင်မလေးရှေ့မှာ သူတော်ကောင်းလုပ်နေတာလား လာစမ်းပါ!"

"တောက်စ် မင်း..."

"Yibo!!တော်တော့လို့...မင်းတို့ကကော မသွားသေးဘဲ ဘာလုပ်နေတာလဲ!"

"ဆွဲထားမနေပါနဲ့ သူ့ကိုလွှတ်ပေးလိုက် ယှဥ်ကြည့်ရအောင်"

"မင်းတို့ထွက်သွားတော့လို့ ငါပြောနေတယ်နော်!"
သူပြောသည့်တိုင် မသွားသေးဘဲ ပေကပ်ကပ်လုပ်နေသော ယွီဖန်း(yu feng)တို့ အုပ်စုကို အမြင်ကပ်ကပ်ဖြင့် ဟောက်လိုက်တော့ သူ့ကိုမခန့်ပြုံးဖြင့် ပြုံးပြလာတယ်

"မင်းကဒီကောင့်ကို ကာကွယ်ပေးနေတယ်ပေါ့ အဟက်! ကာကွယ်ပေးရအောင် မင်းရည်းစားမလို့လား?"

"ယွီဖန်း!! နင်ပေါက်ကရလျှောက်မပြောနဲ့ နင်သွားတော့ဟာ!!"

"ကောင်းပြီ အဲ့လိုဆိုတော့လည်း သွားပေးပါ့မယ် ဒါပေမဲ့ မြဲမြဲမှတ်ထားပါ တစ်နေ့မင်းရဲ့ချစ်ရသူက ငါတစ်ယောက်ထဲဘဲ ဖြစ်စေရမယ်ဆိုတာ"
ယွီဖန်းကတော့ ထိုသို့ပြောပြီး ရိပေါ်ကို မကျေကြည့် ကြည့်လိုက်ကာ ထွက်သွားသည်

"တောက်စ် မင်း!!"

"Yibo!တော်ပါတော့ဟာ"

"Alina မင်းဘာလို့ ငါ့ကိုဆွဲနေရတာလဲ မင်းသာမဆွဲထားရင် သူတို့ကို ငါကောင်းကောင်းဆုံးမပြီးနေလောက်ပြီ"

"အေး ငါဆွဲမထားရင် နင်တို့ ရန်ဖြစ်ရင်းလက်လွန်ကုန်ကြမှာစိုးလို့လေ"

Dear Naughty Boy......//COMPLETE//Where stories live. Discover now