Extra☘️

1K 37 4
                                    

Unicode

"မောင်...."

".........."

"မောင်လို့"

".........."

"မောင်!"

Xiao Zhanစိတ်မရှည်တော့သဖြင့် ဝုန်းခနဲထရပ်လိုက်သည်။

"လန့်လိုက်တာ ဘာဖြစ်ရတာတုန်း"

Yiboကလည်း ပြူးတူးတူးလေးနဲ့ သူ့ကိုမော့ကြည့်နေသည်။

"ငါခေါ်နေတာကို မကြားဘူးလား!"

"ဟမ်"

"မင်း!"

Yiboကို လက်ညှိုးထိုးကာ အော်ပြီးခါမှ ဆိုဖာပေါ်ပြန်ထိုင်ချကာ ငိုတော့လေသည်။

"ဘာဖြစ်တာလဲ ဘာဖြစ်လို့ငိုတာလဲ ကျွန်တော်ဘာအမှားလုပ်မိလို့လဲ..."

"အီးဟီး မင်းကငါ့ကိုမချစ်တော့ဘူး ဗြဲ!!"

"ဟောဗျာ ဘာလို့အဲ့လိုထင်ရတာလဲ"

"စောနက ငါခေါ်နေတာကို မင်းပြန်မထူးဘူးလေ ဟင့်!!"

Yiboတစ်ချက်ရယ်ကာ ငိုနေတဲ့သူနားသွားထိုင်လိုက်သည်။

"မကြားဘူးဆိုတာက အလုပ်ထဲစိတ်ရောက်သွားလို့ပါ ဗျာ မချစ်တာမဟုတ်ရပါဘူး"

"မလိမ်နဲ့!အလုပ်ထဲစိတ်ရောက်တာနဲ့ ငါခေါ်တာမကြားစရာလားလို့!!ပြောစမ်း ဘယ်ကောင်မနဲ့ပြောနေလို့ မကြားတာလဲ!!ဟင့်"

"ဟာ ဘယ်လိုတောင် ကိုယ့်ယောကျ်ားကို အဲ့လိုစွတ်စွဲရတာလဲ"

"မသိဘူး မသိဘူး မင်းအခုတလောငါ့ကိုပစ်ထားတယ်ဆိုတာပဲ ငါသိတယ်"

ဆိုဖာပေါ်တွင် တကိုယ်လုံးကို ဆောင့်အောင့်ပြီး နေနေတဲ့ ဒေါက်တာလေးက အသည်းယားဖို့ကောင်းနေတာကြောင့် ဆွဲပွေ့ကာ သူ့ပေါင်ပေါ်တင်ရင်း ဖက်ထားလိုက်သည်။

"လွှတ်!!လွှတ်စမ်းခု"

ယုန်ဆိုးလေးက ပေါင်ပေါ်ရောက်တာနဲ့ ခြေတွေကော လက်တွေပါသုံးပြီး အသည်းအသန်ရုန်းတော့သည်။

*ပြွတ်

"အား ဖယ်!"

ဖောင်းထားတဲ့ ပါးလေးကို တစ်ချက်နမ်းတော့ မျက်စောင်းထိုးကာကြည့်ရင်းအော်လာသည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now