Part-12(2)

1.1K 52 0
                                    

Unicode

"ဟို....ကျွန်တော် zhan geကို သဘောကျ....အဲ မဟုတ်သေးဘူး ကျွန်တော့် zhan ge ကို ချစ်တယ်..."

*ခွမ်း!*

Yiboရဲ့စကားမှာတော့ Xiao Zhanအံ့သြကာ လက်ထဲက ကိုင်ထားတဲ့ဖန်ခွက်ပင်လွတ်ကျသွားတော့သည်။

"ဒုက္ခပါဘဲ ပုလင်းကွဲတွေ!"

"ငြိမ်ငြိမ်နေကျွန်တော် တံမြက်စည်း နဲ့ ဂေါ် သွားယူပေးမယ်"

Yiboလည်း ကသုတ်ကရက်နဲ့ တံမြက်စည်းသွားယူကာ Xiao Zhanခြေထောက်နားက ဖန်ကွဲစတွေကို လှည်းထုတ်ပေးလိုက်သည်။

"ကျေးဇူးပဲ"

"အွန်း"

"ထိသွားသေးလား ပြပါအုံး"

ပြောပြောဆိုဆို ခုံပေါ်ထိုင်နေတဲ့ Xiao Zhan ရှေ့ဒူးထောက်ထိုင်ကာ ခြေထောက်ဖြူဖြူလေးတွေကိုဆွဲယူပြီး စစ်ဆေးနေသည်။

"တော်သေးတာပေါ့ ထိခိုက်မသွားတာ ဂရုစိုက်မှပေါ့ဗျ ဆရာဝန်လုပ်နေပြီး ဒီလောက်ပေါ့လျော့ရလား"

"......"

"ဘာလဲ ကျွန်တော့်စကားမှာ ရင်ခုန်သွားတာလား"

"ဖြစ်ရတယ်"

စောနကနဲ့မတူ ပြောင်စပ်စပ်ပြန်ဖြစ်လာပြန်တဲ့ Yiboကို Xiao Zhanကမှုန်ကုပ်ကုပ်ကြည့်လိုက်ရင်းက ပွစိပွစိပြောလာတော့သည်။

"ဒါဆို စောနက ကျွန်တော်ပြောတဲ့ ကိစ္စ.."

*တီ!*

"အာ မင့်သူငယ်ချင်းမ ရောက်လာပြီထင်တယ် ငါတံခါးသွားဖွင့်လိုက်အုံးမယ်"

မူလစကားကိုပြန်ဆက်ဖို့ပြင်နေတဲ့ Yibo ကြောင့် xiao zhanမှာ  ပြန်ဖြေဖို့ စကားလုံးတွေစီနေတုန်း ကားဟွန်းတီးသံကြားတာနဲ့ အကူအညီရသွားသလိုမျိုးဖြင့် အပြေးတပိုင်းထွက်သွားတော့သည်။

Yiboကတော့ အမြဲတမ်းအချိန်ကောင်းဆို ဝင်ဖျက်တတ်တဲ့ Alinaအား စိတ်ထဲကနေသာ ကျိန်ဆဲလိုက်တော့သည်။

"ဟီး ဒေါက်တာချောချောလေး! yiboကို ပြန်လာခေါ်တာ..."

"အွန်း လာ အိမ်ထဲဝင်အုံးညီမ"

"ဟုတ်"

Alinaလည်း သူ့ရှေ့ကအရင်ထွက်သွားသည့် ဆရာဝန်လေးကို ကြည့်ကာ ပြုံးလိုက်မိသည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now