part-8

1.3K 59 0
                                    

Unicode

"ကိုကို"

"ဟမ် ကလေး"

"ဟီး!"

ကိုယ့်အတွေးနဲ့ကိုယ် ဖြစ်နေတုန်း yicheng အသံကြားတာကြောင့် မော့ကြည့်မိတော့ သူ့ဆီကို အပြေးရောက်လာတဲ့ ကောင်လေး။

"ဟောဗျာ ကလေးက ဘယ်ကနေဘယ်လို"

"ကိုကို့ ကို လွမ်းလို့ပေါ့"

"ဟား ဟုတ်ပါပြီ အဲ့တော့ ကိုကို့ကို လွမ်းလို့လာတဲ့ကလေးကို ဘယ်နားထားရပါ့ ကိုကိုက လူနာတွေကို လှည့်ကြည့်ရအုံးမှာ ကလေးရဲ့"

Xiao Zhanက အဲ့လိုဆို ဘယ်လိုလုပ်မလဲ ဆိုတဲ့ပုံစံနဲ့ ပုခုံးတွန့်ပြကာ မေးတော့ yichengက သူ့ကိုယ်သူ လက်ညှိုးအရင်ထိုးပြီး xiao zhanဘက်ကို လက်ညှိုးပြန်ထိုးလိုက်ရင်းက လမ်းလျှောက်တဲ့ ပုံသဏ္ဌာန်လုပ်ပြလျက် ပြောလာသည်။

"အဲ့တော့လည်း ကျွန်တော်က ကိုကို့နဲ့ လျှောက်လိုက်ပြီးကြည့်မယ်လေ"

"ဖြစ်ပါ့မလား"

"ကျွန်တော်က ဘယ်သူမို့လို့လဲ ဖြစ်တာပေါ့"

"ကဲ လိုက်ချင်သပဆိုလည်း လိုက်ခဲ့ ညောင်းရင်တော့ မတတ်နိုင်ဘူးနော်"

"ကိုကိုမပြီးမချင်းလိုက်မှာ စိတ်ချ"

"ဟုတ်ပါပြီ"

ပြောတဲ့အတိုင်းပင် yichengမှာ xiao zhanနောက် တကောက်ကောက်လိုက်ကာ စပ်စုနေတော့သည်။

ရှုပ်လားဆိုတော့ မရှုပ်ပါဘူး အဲ့ကလေးက ကူဖော်လောင်ဖက်တောင် ဖြစ်သေးတယ်။ဝမ်းနည်းနေတဲ့သူတွေ့ရင် ပျော်လာအောင် စတတ် နောက်တတ်တဲ့ ကလေးလေးရဲ့ အရည်အချင်းက တော်တယ်လို့ဆိုရမှာပဲ။

ဒီလိုနဲ့ နှစ်ယောက်သား တော်တော်ကြာကြာပတ်ကြည့်ပြီး ကြည့်ရမဲ့ လူနာတွေကလည်း ကုန်သလောက်နီးပါ ဖြစ်လာတော့တယ်

*တီ..တီ*

ကျန်တဲ့လူနာတွေကို ကြည့်ဖို့အသွား အိတ်ကပ်ထဲ ထည့်ထားတဲ့ ဖုန်းကမြည်လာတာကြောင့် ခဏရပ်ကာ ဖုန်းပြန်ဖြေလိုက်သည်

"ဟုတ်ကဲ့..."

"ဒေါက်တာရှောင်း ခုချက်ချင်း အရေးပေါ်ဆောင်ကိုလာခဲ့ပါအုံး လူနာရောက်လာလို့"

Dear Naughty Boy......//COMPLETE//Where stories live. Discover now