Part-6

1.6K 78 0
                                    

Unicode

"ဟဲ့ ရိပေါ် နင်ငါ့ကိုခေါ်ပြီး ဘယ်သွားမလို့လဲ!"

"ဟဲဟဲ ဒေါက်တာလေးကို သွားတွေ့မလို့"

"ဟမ်!"

"ဘာဟမ်တာလဲ....နင်ဘဲငါ့ကိုကူညီမယ်ပြောထားတယ်လေ"

*သေသာသေလိုက်ချင်တယ် သဒေါင်းစား!!*

"ဟဲ့အကောင် ငါပြောတာက ချက်ချင်းကြီးမဆိုလိုဘူးလေ"

"နင်ကလည်းဟာ! ဒါမျိုးက မြန်မှကောင်းမှာဟ.....နင်ငါ့ကိုမယူချင်ဘူးမလား"

"အေး"

"ငါလည်းနင့်ကိုမယူချင်ဘူး.....ဒါကြောင့် ငါမြန်မြန်လိုက်မှဖြစ်မှာဟ"

"ယွကိုယွတယ် နင့် cool guy image ကြီး ဘယ်ပျောက်သွားတာတုန်း!"

"မသာမ လျှာကိုရှည်တယ် ဒါမျိုးက အချစ်နဲ့တွေ့ရင်ဖြစ်နေကြဟ....နင့်လို နှစ်တစ်ရာ faဖြစ်မဲ့ဟာမကတော့ ဘယ်သိမလဲ"

ရိပေါ်ကို Alina လက်ထဲက အိတ်နဲ့ကောက်ထုလိုက်သည်

"ကောင်စုတ်!"

"Alina....."

သူ့အား သနားစဖွယ်ပုံစံနဲ့ အကူအညီတောင်း နေသော ချစ်သူငယ်ချင်းကြီးအား မျက်စောင်းအသာထိုးလိုက်သည်...ပြီးတော့ လက်ထဲက ဖုန်းကိုဖွင့်ကာ တစ်ယောက်ယောက်ကို ဆက်နေတော့သည်

"အင်း...နေကောင်းပြီလား"
.
"ဆေးရုံသွားပြမလား ငါလိုက်ပို့ပေးမယ် နင့်ဟာက ဆေးခန်းပြမှသက်သာတော့မှာ"
.
"အေးအေး ကောင်းပြီ ဒါဆို ငါလာခေါ်မယ်"
.
"Ok"

ရိပေါ်ကတော့ Alinaကို ထူးဆန်းသလိုကြည့်နေသည် Alinaက မျက်ခုံးပင့်ကြည့်လိုက်ရင်းက

"ဘာကြည့်တာလဲ?"

"နင်ဘယ့်သူ့ကိုဆက်နေတာလဲ"

"ရှောင်ဟန်လေ....သူနေမကောင်းဘူးလေ အဲ့တာကြောင့် ဆေးရုံခေါ်သွားမလို့"

"နင့်ဟာက မဟုတ်သေးပါဘူး....ငါ့ကိုမကူညီဘဲနဲ့....အော်...ငါနားလည်ပြီ...အကြံမဆိုးဘူး"

ရိပေါ်အစက သေချာမတွေးဘဲ ပြောချင်တာပြောပြီးမှ Alinaအကြံကိုသဘောပေါက်သွားကာ Alinaကို လက်မထောင်ပြလိုက်သည်

Dear Naughty Boy......//COMPLETE//Where stories live. Discover now