Extra-1

967 36 0
                                    

Unicode

"မင်းကိုလေ ငါရန်မဖြစ်ရဘူးလို့ မှာထားတယ်မလား"

ဒဏ်ရာတွေနဲ့ ကောင်ငယ်ကလေးအား ဆေးထည့်ပေးနေရင်း ဆူပူနေသော Xiao Zhan။

"ကလေးကိုအဲ့လောက်မဆူပါနဲ့...သူမမှားဘူးလေ"

Yiboကလည်း အနားတွင်ဝင်ထိုင်ကာ ပြောလာလေသည်မို့ Xiao Zhan က စူးစူးရဲရဲစိုက်ကြည့်ပေးလိုက်သည်။

"ဟုတ်တယ် ကျွန်တော်မမှားဘူးလေ သူတို့ကအရင်ရန်လာစတာကို.."

"ဟုတ်သားပဲ ရှောင်းရယ် ရန်လာစတာကို ငြိမ်ခံရမတဲ့လား... ငါ့သားမှန်တယ်"

Sou'erက နှုတ်ခမ်းလေးစူကာပြောနေသလို ဘေးက Yiboကလည်း သူ့သားအားမြှောက်ပေးနေသည်မို့ xiao zhanမှာ Yiboခေါင်းကို ဂွက်ခနဲခေါက်လိုက်သည်။

"သားအဖတွေ တစ်လေသံထဲ!သွား မင်းdaddy ကိုသာ ဆေးထည့်ခိုင်း ငါမထည့်ပေးတော့ဘူး"

"ဟာ မဟုတ်သေးဘူလေ...."

Xiao Zhanလည်း ခုနောက်ပိုင်း ထိန်းမနိုင်တော့သော သားအဖအား ပစ်ကာ ထထွက်လာခဲ့လေသည်။

"ပါးပါး စိတ်ဆိုးသွားတာလား"

"အေးကွ..."

ထထွက်သွားသူကိုကြည့်ရင်း သားအဖနှစ်ယောက်သားတီးတိုးပြောနေကြလေသည်။

"လိုက်ချော့လေ daddyကလဲ"

"မင်းပါးပါးစိတ်တိုရင် ငါကြောက်တယ် မသွားရဲပါဘူး"

"Daddyကလဲ ညံ့လိုက်တာ ဘယ်လိုချော့ရမလဲမသိဘူးလား အရင်ကဘယ်လိုတွေချော့လာခဲ့လဲ?"

Yiboက အောင့်သက်သက်ဖြစ်သွားပုံဖြင့် sou'erကို တစ်ချက်ကြည့်ကာ

"မင်းပါးပါးက ခုနောက်ပိုင်း ဒေါသပိုကြီးလာတယ်လို့ မင်းမထင်ဘူးလား"

"ဟုတ်တယ်နော်.....daddy သိလား သားကြားဖူးတယ် ဗိုက်ထဲမှာကလေးလေးရှိနေရင် အဲ့သူက စိတ်ဆတ်လွယ်တယ်တဲ့ ပါးပါးဗိုက်ထဲမှာ ကလေးလေးများရှိနေလားမသိဘူးနော်"

"မင်းအဲ့လိုထင်တယ်လား?"

Yiboက မေးတော့ sou'erက ခေါင်းငြိမ့်ပြသည်။ဤသို့ သားအဖနှစ်ယောက်၏ ပေါက်ကရစကားများကိုသာ xiao zhan ကြားခဲ့လျှင်......။

Dear Naughty Boy......//COMPLETE//Where stories live. Discover now