Part-16

1.1K 55 0
                                    

Unicode

"ဟဲ့ သားငယ် ခုမှပြန်လာတာလား.....ကြည့်ပါအုံး 1နာရီတောင်ထိုးတော့မယ်......အယ်ဒါနဲ့ သားပွေ့လာတာ ဘယ်သူလေးတုန်း"

"သားယောကျ်ားခိုးလာတာမား ဒါမားရဲ့ သမက်"

"ဟေ!"

"နောက်မှအံ့သြပါမား အိမ်ထဲဝင်ပါရစေအုံး"

အံ့သြကာ ရပ်နေတဲ့ သူ့အမေကို ရှောင်ကဝင်လာခဲ့ပေမဲ့ အရာမထင်။သူ့အမေဆီက ပြန်ဆွဲချင်းခံလိုက်ရကာ ဧည့်ခန်းဆီသို့ရောက်သွားသည်။

"မား မေးစရာရှိရင် နောက်မှမေးပါ zhan geကို ကျွန်တော်အပေါ်ထပ်သွားထားလိုက်အုံးမယ်"

"မရဘူး ခုမေးမှာ သူ့ကိုမနိုးစေချင်ရင် ငါပြောတဲ့အတိုင်းလုပ်!"

"ဒါပေမဲ့မား...ပွေ့ထားလျက်သားကြီး...."

"ဆက်ပွေ့ထား မင်းမလှုပ်ရင် သူမနိုးဘူး အရင်ဆုံးထိုင်"

"ဟုတ်...."

Yiboလေးပင်စွာဖြေလိုက်ပြီး ဆိုဖာပေါ်တွင်အသာဝင်ထိုင်လိုက်သည်။ရင်ခွင်ထဲကလူကိုငုံ့ကြည့်မိတော့ အိပ်နေလိုက်တာများ သူကတော့ ပြဿနာတစ်ခုရှင်းရပေအုံးမည်။

"ကဲပြောစမ်းပါအုံး ဒါကဘယ်လိုဖြစ်လာတာလဲ"

"ဟိုမား ကျွန်တော်ပြောပြပါ့မယ် ကျွန်တော်မားကို တစ်ခါပြောဖူးတယ်လေမှတ်မိလား ကျွန်တော်ချစ်တဲ့သူကို တွေ့ပြီလို့လေ"

သူပြောလိုက်တော့ သူ့အမေက ခဏတာစဥ်းစားဟန်ဖြစ်သွားပြီးမှ ခေါင်းငြိမ့်ပြလာသည်။

"ဒါဆို...."

"ဟုတ်တယ်မား သူကကျွန်တော်ချစ်ရသူဆိုတာပဲ မားလက်မခံနိုင်လောက်ပေမဲ့ ကြိုးစားပြီးလက်ခံပေးပါလို့ မျက်နှာပြောင်တိုက် ပြောပါရစေ ကျွန်တော်ချစ်တာ သူမလို့ ကျွန်တော့်ချစ်ရတဲ့သူက သူပဲမို့လို့ တကယ်လို့မားလက်မခံရင်လည်း ခုချက်ချင်း အိမ်ပေါ်ကဆင်းမှာပါ မားကိုဒုက္ခမပေးပါဘူး.....မျိုးဆက်အတွက် စိတ်ပူတယ်ဆိုရင်တော့ ကလေးတစ်ယောက်မွေးစားပေးပါ့မယ်  သူ့ကိုတော့လက်မလွှတ်ခိုင်းပါနဲ့"

သူ့စကားဆုံးတော့ သူ့အမေက သက်ပြင်းချသည်။သူ့ကိုတပြန် သူ့ရင်ခွင်ထဲက အေးချမ်းစွာ အိပ်မောကျနေသူကို တပြန် ကြည့်နေသည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now