Part-5

1.8K 91 2
                                    

Uni

"ရှောင်မိန် ကလေးအဆင်ပြေရဲ့လား ရစ်နေသေးလား"

"အမလေး ရစ်တာမှတော့ ကတ်ကတ်ကိုလန်နေတာဘဲ ကိုကိုကို့ရှာပေးဆိုပြီး အော်နေတာလည်းမပြီးတော့ဘူး!"

"ခုကော?"

"ခုတော့ ပင်ပန်းလို့ထင်ပါရဲ့ ငြိမ်တော့ငြိမ်သွားတယ်"
"တို့ရှောင်းရဲ့ လူနာတွေက ရှောင်းကိုချစ်ကြတာသိပေမဲ့ ဒီကလေးကတော့ ပိုကိုပိုလွန်းပါတယ် ဟွန့်!.......
ဟူး ဒေါက်တာရှောင်းရေ အလုပ်ပြီးရင်လည်း သွားချော့လိုက်ပါအုံး"

"အင်းပါ ဒါလေးလက်စသတ်နေလို့ ခဏ"

"အင်းအင်း မြန်မြန်လုပ်"

"အင်း"

ရှောင်ကျန့်လည်း ခေါင်းငြိမ့်ပြလိုက်ကာနောက်ဆုံးလူနာ၏ ဆေးမှတ်တမ်းဖြည့်ခြင်းအား ခပ်သွက်သွက်ရေးနေတော့သည် ရှောင်မိန်ကတော့ ဘေးကနေထိုင်စောင့်လျက်ပေါ့

ဒုန်း!

အသံလာရာကို ရှောင်ကျန့်တို့နှစ်ယောက်သား အလန့်တကြားမော့ကြည့်တော့ သူ့အခန်းထဲကို အုန်းဒိုင်းကျဲကာ ဝင်လာပါသော
ရိချန်း။

"အားးး ကိုကိုမကောင်းဘူး"

"ကလေးဘာဖြစ်လို့လဲ!"

"ဝါးးးးးးးး!"
ရုတ်တရက်အခန်းထဲရောက်လာကာ ခြေဆောင့်ပြီးထငိုသော ရိချန်းကြောင့် ရှောင်ကျန့် တစ်ယောက်ပြာသွားသည် ရှောင်မိန်မှာတော့ လစ်ပြေးရင်ကောင်းမလား စဥ်းစားကာ ရှောင်ကျန့်တို့နားက မသိမသာလေးခွာရျ် တံခါးပေါက်နားသွားရပ်နေသည်

"အူးဝါးးးးးးးးးး"

"ရိချန်း!ကလေး!ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲလို့!"

"ဟင့်! ကိုကို့ကိုကျွန်တော် တစ်မနက်လုံးတွေချင်နေခဲ့တာကို! ကိုကိုကလာလည်းမရှာဘူး!"

"ကိုကိုလည်းခဏနေရင် လာတွေ့မလို့ပါဘဲ ရိချန်းရဲ့ အလုပ်လေး လက်စသတ်နေလို့ပါ"

"ဘာဘဲဖြစ်ဖြစ် ကျွန်တော်က မနက်ဖြန်ပြန်ရ
တော့မဲ့ဟာကို သတင်းလေးတောင်လာမမေးဘူးပေါ့ ဟင့်!"

"အာ........ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုကိုထပ်ပြီးဆိုးပြန်ပြီနော့....ဟုတ်တာပေါ့ ကလေးလေးကို လာတွေ့ရမဲ့ဟာကို"

Dear Naughty Boy......//COMPLETE//Where stories live. Discover now