Part-17

1.2K 51 4
                                    

Unicode

"အင့်..."

Xiao zhan တစ်ယောက် ပြတင်းပေါက်ဆီက အလင်းစူးစူးကြောင့် နိုးလာသည်။နိုးနိုးချင်း ပုံမှန်မဟုတ်တဲ့ အငွေ့အသက်ကြောင့် ထထိုင်ကာဘေးဘီကိုဝေ့ကြည့်တော့

"ငါဘယ်ရောက်နေတာပါလိမ့်..."

အတွေးနဲ့အတူ ဟိုဟိုဒီဒီကြည့်မိရင်း သူ့ဘေးကိုကြည့်လိုက်မိတော့ Yiboက သူ့ဘေးမှာကွေးကွေးလေး။Aircorn က အမြင့်ဆုံး ဖွင့်ထားပြီး စောင်ကလည်း သူ့နဲ့လုံးထုပ်ထားတာဆိုတော့ စောင်မခြုံထားတဲ့ကောင်လေးက ချမ်းနေပုံပေါ်သည်။အဲ့တာနဲ့ သူလည်းစောင်ကို သူ့ဆီက ခွာရင်း ဘေးကကောင်လေးဆီခြုံပေးလိုက်သည်။အိပ်မောကျနေတဲ့ပုံလေးက ဂျစ်တီးဂျစ်ကန် လူဆိုးလေးနဲ့လားလားမျှမတူ ဖြူစင်တဲ့ကလေးငယ်လေးပမာ။xiao zhanလည်း ထိုပုံလေးကိုကြည့်ကာ ပြုံးမိသည်။

ခဏကြာမှ အပြုံးတို့က တောင့်ခဲသွားကာ ခုဖြစ်ပျက်နေတာတွေကို သတိရသွားတော့သည်။

*မဟုတ်သေးပါဘူး ငါကဒီချိန်မှာဘာလို့ပြုံးနေရတာလဲ!ခုအခြေအနေကြီးက ဘယ်လိုကြီးလဲ..*

Xiao Zhan လည်းအတွေးတို့နဲ့အတူ မျက်ရည်တို့က ဝေ့သီလာပြန်သည်။

*ငါ့ကိုပြန်ပေးဆွဲလာတာများလား...မဟုတ်သေးဘူး ခုက အဲ့လိုပုံမပေါ်ဘူး ဒါဆို ဒါဆို.....အာ မဟုတ်တာ ငါတို့ကဘာမှမဖြစ်ခဲ့ပါဘူး...မဟုတ်မှလွဲ.......အား!!!*

Xiao Zhan ထိုညနေက yiboကို သူကိုယ်တိုင် ခံစားချက်တို့ဖွင့်ပြောခဲ့တာကို အမှတ်ရသွားပြီး ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး ရဲတက်လာပါသလို မျက်ရည်တို့က နဂိုကထက်ပို ဝဲလာသည်။

"ဟင့်....."

ရှိုက်သံပါထွက်မိသွားတော့ သူ့ဘေးကကောင်လေးက နိုးသွားပုံပေါ်ကာ သူ့ကိုခေါင်းထောင်ပြီးကြည့်လာသည်။

"Zhan ge.....ငိုနေတာလား....ဘာလို့လဲ ဘာလို့လဲ ကျွန်တော့်ကိုပြော"

ပြာသလဲလဲထမေးခါမှ Xiao Zhanမျက်ရည်တို့က စီးကျလာကာ အော်ငိုလာတော့ Yiboမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့သည်။

"အီးဟီး.....အယုတ်တမာကောင်!!မင်းငါ့ကို ဘယ်ခေါ်လာတာလဲ!!ငါ့ကိုအိမ်ပြန်ပို့ပေး!!!ဟင့်!!!ခွေးကောင်ကြီး!!"

Dear Naughty Boy......//COMPLETE//Where stories live. Discover now