Unicode
"zhan ge!zhan ge!"
"ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်း ဘာလို့အော်ခေါ်နေရတာလဲ..."
အိမ်အပေါ်ထပ်ကနေ သဲကြီးမဲကြီးပြေးဆင်းလာတဲ့ Yiboကို သူ့အမေက မီးဖိုချောင်ထဲကနေလှမ်းအော်သည်။
"မား zhan geရော zhan geရောလို့ သူ့အခန်းထဲမှာ မတွေ့ဘူး ဘယ်ပျောက်သွားတာလဲ"
မီးဖိုချောင်ထဲ အပြေးတပိုင်းဝင်ကာ သူ့အမေဆီ သွားရမ်းနေတဲ့ Yiboကြောင့် သူ့အမေကရယ်သည်။
"ရှောင်းလေးလား..သူက ဆေးရုံသွားပြီပေါ့ ငါ့သားက အိပ်ပုတ်ကြီးနေတာကိုး..ဘယ်မှီပါ့မလဲ"
"ညကစာတွေပြန်ကျက်နေရတော့ နောက်ကျမှအိပ်မိလို့ကို...."
"အေးပါ အေးပါ အဲ့တော့ဘာလုပ်မလဲ ဆေးရုံလိုက်သွားမှာလား အိမ်မှာပဲနေမလား"
Liliက လက်ပိုက်ကာ သူ့သားကိုမေးလိုက်သည်။Yiboက ဟဲခနဲပြုံးပြကာ
"လိုက်သွားရမှာပေါ့ သားမှမခွဲနိုင်တာ..."
"ပိုကိုပိုတယ် လိုက်သွားမယ်ဆိုလည်း ခန ထမင်းဘူးပါယူသွားအုံး ရှောင်းလေးက အရေးပေါ်လူနာရောက်နေတယ်ဆိုလို့ မနက်စာတောင်မစားဘဲပြေးသွားရတာ..."
သူ့အမေစကားကြောင့်ပြုံးမိသည်။zhan geသူ့အိမ်ရောက်တာ လေးရက်ရှိပြီ။4ရက်အတွင်း သူ့မားနဲ့လည်း အဆင်ပြေနေသလို သူနဲ့လည်းအဆင်ပြေနေသည်မှာ သူတို့အိမ်ရဲ့ ဆည်းလည်းအသစ်ကလေးပင်။အရင်ကတော့သူပေါ့..။
ဒါပေမဲ့ သူရင်လေးမိတာက တစ်ပတ်ပြည့်လို့ သူ့zhan geဆီက ကြားရမဲ့အဖြေက သူထင်ထားသလိုမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ခုဆို သူတင်မဟုတ် သူ့အမေကပါ သူ့ဒေါက်တာလေးကို တော်တော်ချစ်နေပြီဖြစ်သည်။
"ဟုတ်"
Yiboလည်း မနက်စာစားနေရင်း သူ့အမေ ထမင်းဘူးလာပေးတာကိုစောင့်နေလိုက်သည်။
"ကဲရော့ သားအတွက်ပါ ပါတယ် ဟုတ်ပြီလား"
"အွန်း သွားပြီမား..."
"အေးအေး"
.
.
Yiboဆေးရုံထဲရောက်တော့ ဟိုကြည့်သည်ကြည့် ဝေ့ကြည့်လိုက်သည်။ထိုစဥ် မျက်စိရှေ့ဖြတ်ဝင်လာတဲ့ ဖြူလွှလွှပုံရိပ်လေးကြောင့် အသာပြုံးမိလိုက်သည်။လူနာရှိရာအပြေးအလွှားသွားနေပုံလေးက ဆရာဝန်တစ်ဦးရဲ့ မေတ္တာနဲ့ စေတနာကို အပြည့်အဝမြင်တွေ့နေရသည်။ဂျူတီကုတ်လေး လွှင့်နေအောင် ပြေးပြီး ကျနေတဲ့ ချွေးတွေတောင်သုတ်ဖို့မအားပဲ လူနာကိုသာ သဲကြီးမဲကြီး ပြေးကြည့်ရတာ အော်... ဆရာဝန်ပါ့လား....။
YOU ARE READING
Dear Naughty Boy......//COMPLETE//