Part-28

917 39 1
                                    

Unicode

နှစ်ယောက်သား ပြေလည်ပြီးသွားပြီး နောက်နေ့ကျ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ခုလည်း xiao zhanကို ကြိုပြီးပြန်လာတာ။

"ခဏရပ်အုံးyibo"

ချက်ချင်းကားကို ဘေးကပ်ကာ ရပ်လိုက်သည်။ပြီးမှ xiao zhanဘက်လှည့်ကာ

"ဘာဖြစ်လို့လဲ ge.."

"ငါ ဟိုလမ်းကြားထဲမှာ လူတစ်ယောက်ကိုအုပ်စုဖွဲ့အနိုင်ကျင့်နေကြတာမြင်လို့"

"ဗျာ"

"အဲ့တစ်ယောက်က Yufengနဲ့တူနေသလားလို့"

Xiao Zhanကပြောပြီး ကားပေါ်က ဆင်းမယ်အလုပ် Yiboကပြန်ဆွဲသည်။

"ကျွန်တော်သွားလိုက်မယ်"

"ဒါပေမဲ့...."

"Geကို အထိအခိုက်မခံနိုင်ဘူး အဲ့တာကြောင့် ကားပေါ်မှာပဲ ငြိမ်ငြိမ်ထိုင်နေခဲ့ ဟုတ်ပြီလား စကားနားထောင်"

ပြောပြီးတာနဲ့ xiao zhanပါးကို တစ်ချက်နမ်းပြီး ထိုင်ခုံဘေးမှာ ဒုက္ခတစ်ခုခုရောက်ရင် သုံးရအောင်ထည့်ထားတဲ့ သံတုတ်ကိုဆွဲပြီး လမ်းကြားထဲ အမြန်ပြေးသွားသည်။xiao zhanကတော့ ရင်တထိတ်ထိတ်။

Yiboဇွတ်မဝင်သေးပဲ အခြေအနေကို တစ်ချက်ချောင်းကြည့်တော့ တစ်ဖက်က လူက6ယောက်လောက်နဲ့ တစ်ယောက်ထဲကို ဝိုင်းထိုးနေကြတာဖြစ်သည်။

*6ယောက်လောက်ကသံတုတ်မလိုပါဘူး*

Yiboတွေးပြီးခါမှ အချုပ်ခံထားရတဲ့ တစ်ယောက်ကို သေချာကြည့်လိုက်သည်။သူ့ကိုကိုပြောသလို တကယ် yufengပဲ။

*နေပါအုံး yufengဆိုရင် အဲ့လူလေး 5ယောက်6ယောက်လောက်က သူအသာလေးနိုင်တာကို....ပြန်မခုခံတာလား?ဘာလဲ သေချင်နေတာလား*

Yiboတွေးလိုက်ရင်းက သတိထားပြီး ထိုလူတွေဆီကို တိုးတိုးလေးလျှောက်သွားသည်။တစ်ဖက်က ဓားထုတ်လာတာမြင်တော့ သူ့လက်ထဲက တုတ်ကို တစ်ဖက်လူလက်တည့်တည့် ချိန်ကာပစ်လိုက်သည်။

*ဒုန်း

"ဟာ အဲ့ကောင်ကိုဖမ်းကြစမ်း!"

အမိန့်ပေးသံနဲ့အတူ သုံးယောက်လောက် သူ့ဆီဝိုင်းလာတော့ တစ်ချက်ရယ်လိုက်သည်။ဒီလောက်ကတော့ သူကစာတောင်မဖွဲ့ဘူး။

Dear Naughty Boy......//COMPLETE//Where stories live. Discover now