Unicode
"ယောကျ်ားရေ ရှင့်သားဆင်းမလာသေးပါ့လား"
"အိပ်တုန်းနေမှာပေါ့"
"ကဲ သွားနှိုးလိုက်အုံး ဆေးရုံသွားရမှာကို.."
"အေး"
အကြောင်းစုံသိနေတဲ့ Yichengမှာတော့ မသိချင်ယောင်သာဆောင်ကာ လက်ထဲကမုန့်ကိုပဲ မဲစားနေတော့သည်။
*ဒေါက်*ဒေါက်
"Xiao Zhan....ပါး ဝင်လာပြီနော်"
အထဲက ပြန်ဖြေသံမကြားလို့ အခန်းထဲဝင်ကြည့်လိုက်တော့ သူ့သားက ခုထိအိပ်တုန်း။
"Xiao Zhan ထတော့ ထ ဆေးရုံသွားရအုံးမှာမလား"
လှုပ်နှိုးနေတော့ ခါးကနာကျင်လာတာကြောင့် xiao zhanနိုးလာသည်။
"ဟင် ပါး..."
"ထတော့ အလုပ်နောက်ကျနေအုံးမယ်"
"ဟုတ်"
သူ့အဖေထွက်သွားမှ Xiao Zhan မနည်းအားယူပြီးထရသည်။တစ်ဆက်တည်းမှာပဲ Yiboကို ကျိန်ဆဲလျက်
*နောင်ဘဝကျ မင်းBထိုင်ရပါစေ!!!*
"ကိုကို...."
"အာ ကလေး"
"လာလာ ကျွန်တော်ထူမယ်"
Yichengက သူ့အဖေဆင်းလာတော့ အပေါ်ထပ်ကို အမြန်ပြေးလာရှာသည်။
"တော်တော်နာတယ်မလား အဲ့တာကြီးက နေ့တစ်ဝက်လောက်ထိ နာနေရော"
စာနာသလိုပြောလာတဲ့ yichengရယ် ပြူးကြောင်ကြောင်လေးဖြစ်နေတဲ့ xiao zhan ရယ်နဲ့ အခန်းကြီးက တိတ်ဆိတ်သွားတော့သည်။
.
.
ဒီလိုနဲ့ Yichengမှာ Xiao Zhanကိုတွဲပြီးဆင်းလာသည်။"သား ဘာဖြစ်တာလဲ ထော့နဲ့ထော့နဲ့ နဲ့"
*အဟွတ်!
ခါးနာလို့ ဖြည်းဖြည်းလေးလျောက်ကာ ရှုံ့မဲ့နေတဲ့ Xiao Zhanကို သူ့အမေကမေးလိုက်တော့ Yiboခမျာ သောက်လက်စ coffeeပင် သီးသွားတော့သည်။Xiao Zhanက Yiboကို မကျေနပ်သလိုကြည့်ကာ တိုးတိုးလေး ကျိန်ဆဲနေပြန်သည်။
"ဘာမှမဖြစ်ဘူးအမေ မနေ့က အလေးမမိလို့ ခါးနာသွားတာ"
"အော် ဖြစ်ရလေ အမေဆေးလူးပေးရမလား"
YOU ARE READING
Dear Naughty Boy......//COMPLETE//