Part-4

2.1K 110 13
                                    

"yibo!သက်သာလား!"

"ခေါင်းမူးနေသေးလား!"

"ခေါင်းကိုက်တာတွေ ဘာတွေရှိလား!"
သူ့ဘေးနားကနေ တတွတ်တွတ်မေးနေသော Alinaကြောင့် ရိပေါ်တစ်ယောက်မှာ နဂိုကသိပ်မမူးသော်လည်း ခုပိုရျ်ပင် မူးချင်လာတော့သည်

"ငါဘာမှမဖြစ်ပါဘူးဟ သက်သာနေပြီကို"

"ဘာသက်သာတာလဲ နင်သတိလစ်မလိုဖြစ်သွားသေးတယ်လေ မှတ်မိလား!"

"အဲ့တာက အရိုက်ခံရတဲ့အရှိန်ကြောင့်ပါ..."
ရိပေါ်က မှုန်ကုတ်ကုတ်ဖြင့်ပြောတော့ Alinaက သူ့ကို ခါးထောက်ကာ ကြည့်လိုက်ပြီး

"ဘာဘဲဖြစ်ဖြစ် ခုတော့နားနေလိုက်အုံး.......ဆရာဝန်က...."

"ငါအဆင်ပြေပါတယ်ဆို..."
Alinaစကားကို ဖြတ်ပြောလိုက်တာကြောင့် Alinaမှာ ရိပေါ်ကိုမျက်စောင်းထိုးလိုက်ပြီး အကြည့်စူးစူးတို့ဖြင့် ကြည့်လိုက်တော့ ရိပေါ်ကအသာလေးပါးစပ်ပိတ်သွားတော့တယ်

"ဆရာဝန်က နင်သက်သာတယ်ဆိုလည်း ပေးနားခိုင်းထားတယ် ခေါင်းထိထားတာဆိုတော့ ချက်ချင်းကြီးတော့ နေပြန်မကောင်းနိုင်ဘူးတဲ့ နည်းနည်းခေါင်းမူးတာတွေရှိနိင်တယ်တဲ့..."

"အော်နောက် ဆေးသောက်ဖို့လည်း မမေ့ပါနဲ့တဲ့ ....."
Alinaကို ရိပေါ်ကခေါင်းအသာငြိမ့်ပြလိုက်တော့ Alinaက ထိုင်နေရာကထကာပြောတယ်

"ဘာစားမလဲ ငါမုန့်သွားဝယ်မလို့...."

"ငါဗိုက်မဆာ....."
Alinaဆီက အကြည့်စူးစူးတို့ထပ်ပြီးရောက်လာတာကြောင့် ရိပေါ်မှာ ဆက်မပြောတော့ပေ
"နင်အဆင်ပြေတာဝယ်ခဲ့....."

"ပြီးရော ငါအနီးနားက ဆိုင်တစ်ဆိုင်မှာသွားဝယ်မှာမို့ နည်းနည်းတော့ ကြာလိမ့်မယ်..."

"အင်း......"
ရိပေါ်က ပျင်းတွဲတွဲဖြင့် ပြန်ဖြေတော့ Alinaကခေါင်းအသာခါရမ်းလိုက်ပြီးမှ ဆက်ပြောသည်

"ပြီးတော့ ငါပြန်မလာမချင်းဘယ်မှမသွားနဲ့ ထိုင်နေရာကတောင်မထနဲ့ အဆင်ပြေရင် ပြန်အိပ်နေလိုက်....."

"အင်း......"
ဒီတစ်ခါတော့ Alinaက ရိ‌ေပါ်ကို မနိုင်ဘူးဆိုသည့်အကြည့်နှင့်ကြည့်ကာ တံခါးကို အသာပိတ်ပြီး ထွက်သွားတော့သည်

Dear Naughty Boy......//COMPLETE//Where stories live. Discover now