Unicode
"Zhan ge...."
"......"
"ကိုကိုဒေါက်တာက စိတ်ဆိုးသွားတာပဲ...."
စာထိုင်လုပ်နေတဲ့ xiao zhanနား ပတ်ဝိုက်လျှောက်နေလျက် Yiboကပြောလာသည်။
"Zhan ge.....xiao zhan ya!"
"ဘာလဲ နားငြီးတယ် မပြန်သေးဘူးလား ပြန်တော့ကွာ"
"စိတ်ကောက်နေတာကို လို့"
Xiao Zhanစာလုပ်နေတဲ့ စားပွဲပေါ် မေးတင်လိုက်ရင်းပြောတော့ မျက်စောင်းထိုးကာ အံကြိတ်ပြလာတယ်။
"စိတ်ကောက်ရအောင် ငါက မိန်းမ မလို့လား"
"အင်းပါ ယောကျ်ားရယ် စိတ်မဆိုးနဲ့တော့နော်"
"ရား ဒီခွေးစုတ်ဖွားတော့"
*ဂွက်*
Xiao Zhanကပြောပြောဆိုဆိုနဲ့ သူ့နားက Yiboခေါင်းကို နာနာလေး လှမ်းခေါက်လိုက်တော့ Yiboမှာ နာလို့ မျက်နှာက ရှုံ့မဲ့သွားတော့တယ်။
"အား!"
Yiboအော်သံကြားမှ Xiao Zhanလည်း အထိတ်တလန့်နဲ့ ထိုင်ရာက ထကာ Yiboဘေးကို လှစ်ခနဲရောက်သွားတော့သည်။
"Sorry sorry ငါလက်ဆပြင်းသွားတယ်..... နာသွားလား"
*xiao zhanရေ မင်းတော့!နဂိုကတည်းက ခေါင်းမှာ ပတ်တီးနဲ့လူကို!*
xiao zhanရဲ့ပြာသလဲလဲ အမေးကြား Yiboက သူ့ခေါင်းသူပွတ်ကာ သွားလေးတွေပေါ်တဲ့အထိ ဟီးခနဲရယ်ပြသည်။
"သိပ်မနာပါဘူး"
*အမှန်တော့နာတယ်zhan geရဲ့ အားလား ဆရာဝန်ရဲ့လက်ဆက တော်တော်ပြင်းတယ်*
"မလိမ်နဲ့ ငါ့လက်ဆ ငါသိတယ် တော်တော်နာသွားမှာ..နဂိုတည်းက ဒဏ်ရာနဲ့လူကို"
ပြောရင်း အားနာတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ မျက်နှာလေးငယ်သွားတဲ့ Xiao Zhanကို Yiboက လက်ခါပြကာတားသည်။
"မဟုတ်တာ မနာဘူး တကယ်မနာပါဘူး"
"ဟုတ်လို့လား.."
"အွန်း ဒါမဲ့ပိုပျောက်စေချင်ရင် သကြားလုံးကျွေးလေ..."
လက်ကလေးဖြန့်ကာ တောင်းလိုက်တော့ မျက်စောင်းမမည်တဲ့ မျက်စောင်းလေးက သူ့ဆီကျရောက်လာတော့တယ်။
YOU ARE READING
Dear Naughty Boy......//COMPLETE//