Part-32

886 36 2
                                    

Unicode

"ခခ်ခ််"

ရယ်သံသဲ့သဲ့ကြားတော့မှ Xiao Zhan Yiboကို တွန်းထုတ်လိုက်သည်။

"ခါးနာပါတယ်ဆိုမှ ငါ့ကို မတ်တပ်ရပ်ခိုင်းထားတယ်"

ပြောရင်း Yiboခြေထောက်ကို တက်နင်းဖို့လုပ်ပေမဲ့ ဟိုကရှောင်လိုက်တော့ နာသွားသူက သူဖြစ်သွားရပြန်သည်။

"ကိုကို!"

"ကျေးဇူးပါပဲ တကယ့်ကို ကျေးဇူးတင်ပါတယ်"

Yichengကော yufengကောက သူတို့ဆီရောက်လာကြပြီးနောက် Yichengက xiao zhanကို ပြေးဖက်သလို Yufengကလည်း Yiboကို ဆွဲဖက်သည်။

"ဟေ့ကောင်!"

Yiboကတော့ yufengဆွဲဖက်ရာ အတောင့်လိုက်ကြီးပါသွားလေတော့သည်။

"Sorry အဟဲ"

Yufengကစပ်ဖြဲဖြဲနဲ့ပြန်လွှတ်ပေးလာတော့ yibo မျက်စောင်းထိုးပြီးမှ ရယ်ကာ သူ့ဘက်က ပြန်ဆွဲဖက်လိုက်သည်။

"နောက်ဆို မင်းသူ့ကို့ကာကွယ်ပါ ဟုတ်ပြီလား chengလေးက ငါတို့နဲ့အမျိုးမတော်ဘူးဆိုပေမဲ့ ငါတို့ညီလေးလိုပဲ ဒါကြောင့် သူတစ်ခုခုဖြစ်ရင် မင်းကိုအသေသတ်မှာ"

ကြိမ်းဝါးသံနဲ့ပြောတော့ yichengက တစ်ခစ်ခစ်ရယ်ရင်း ခါးလေးကိုထောက်ကာ

"တွေ့လား ကိုကြီးမလိမ္မာရင် ကိုကိုတို့နဲ့တိုင်ပြောမှာ"

ဟု သူ့ဘက်မှာနှစ်ယောက်တောင်ရှိတယ်ဆိုတဲ့စတိုင်လုပ်ပြလေသည်။

"ကြောက်ပါတယ်ဗျာ ကြောက်ပါတယ်"

အားလုံးလည်း yufengရဲ့ ပြောင်စပ်စပ်ဖြေသံကြောင့် ထိုနေရာတွင် ပွဲကျသွားလေတော့သည်။သူတို့နှစ်တွဲ စကားတွေအကြာကြီးပြောပြီးနောက်တော့ yufengက yichengကို အိမ်ပြန်ခေါ်သွားလေတော့သည်။xiao zhanက ထိုအတွဲထွက်သွားတာကို လိုက်ကြည့်နေတဲ့ yiboကို ကြည့်ရင်း

"မောင်......"

"ဟမ်?"

"မောင်"

"ဟမ် ဟမ်"

တဟမ်ဟမ်နဲ့ သူ့ကိုပြူးကြည့်နေသော yibo ကြောင့် xiao zhan နှုတ်ခမ်းဆူလိုက်ပြီး တစ်ဖက်လှည့်လိုက်သည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now