Part-29

847 36 0
                                    

Unicode

"ညီကိုအရင်းမဟုတ်ဘူး...."

Yufengက Xiao Zhanစကားကို ဖြတ်ပြောသည်။Yiboက ခုမှ သူတို့ဆီပြန်ရောက်လာသည်။

"ငါက မွေးစားသား....."

"မင်းကလား"

"အွန်း"

အစက Yichengက မွေးစားသားထင်ခဲ့တဲ့ နှစ်ယောက်မှာ အံ့သြနေတော့သည်။

"ငါ့မိဘတွေ ဆုံးသွားတဲ့အချိန်မှာ ခုမွေးစား အမေက Yichengကို ကိုယ်ဝန်အရင့်အမာနဲ့ လွယ်ထားရတဲ့အချိန်ပဲ....ငါ့မိဘအရင်းတွေနဲ့ သူတို့က သူငယ်ချင်းအရင်းကြီးတွေ တကယ်လို့ ငါတို့ထဲက တစ်ယောက်သာ မိန်းကလေးမွေးခဲ့မယ်ဆိုရင် ကလေးနှစ်ယောက်ကို အိမ်ထောင်ချပေးဖို့ စကားပြေားထားကြပြီးသားတွေ ဒါပေမဲ့ အဲ့တုန်းက ငါကကော ဗိုက်ထဲက ကလေးကကောက ယောကျ်ားလေးတွေမို့ လက်လျော့ခဲ့ကြတာ ငါ့မိဘတွေဆုံးတော့ ငါ့ကို မွေးစားခဲ့တယ် သားလေးတစ်ယောက်လိုပဲ စောင့်ရှောက်ပေးခဲ့ကြတာ ခုထိ"

"အဲ့တာကို Yicheng မသိဘူးလား"

"ဟင့်အင်း...."

Yiboတို့ တစ်ယောက်တစ်လဲပြန်ကြည့်လိုက်ကြသည်။

"နေပါအုံး ခုyichengက မင်းတို့နဲ့အဆက်အသွယ်ရှိနေတာလား"

Yufengက သူတို့ကို ပြန်မော့ကြည့်လာရင်းမေးသည်။

"အင်း ငါတို့အိမ် မဟုတ်သေးဘူး ငါ့ကောင်လေးအိမ်မှာကွာ"

မကျေနပ်သလိုလေသံနဲ့ပြောလာကာ ဒုက္ခပေးနေတယ်ဆိုတဲ့ အမူအရာမျိုးနဲ့ ကြည့်နေလေရဲ့။

"အင်း"

"ဘာကို အင်းတာလဲ ပြန်လိုက်ခေါ်ဖို့ အစီအစဥ်မရှိဘူးလား?"

yiboလည်း စိတ်မရှည်တော့ချေ။

"ငါသူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမယ် မသိသေးဘူး"

Xiao Zhanက သက်ပြင်းတစ်ချက်ချရင်း

"မင်းကိုယ်တိုင်လိုက်တောင်းပန်သင့်တယ်လို့ ငါထင်တယ် အဲ့တော့ မင်းကိုအချိန် တစ်ရက်ပေးထားမယ် ဟုတ်ပြီလား"

"အင်း"

"သေချာစဥ်းစားထား"

Xiao Zhanလည်း သတိပေးသလို လက်ညှိုးတထိုးထိုးနဲ့ပြောပြီး ရှေ့ကထွက်သွားသည်။Yiboကလည်း သေချာစဥ်းစားဆိုပြီး ပခုံးကိုပုတ်ပေးကာ နောက်ကလိုက်သွားတော့ နားနေခန်းထဲ yufeng တစ်ယောက်ထဲ ကျန်ခဲ့သည်။
.
.
"Yichengကော?"

Dear Naughty Boy......//COMPLETE//Where stories live. Discover now