Unicode
"Xiao Zhan?"
အသံလာရာဖက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ နှစ်ယောက်လုံး အပြုံးတွေ အေးခဲသွားတော့သည်။
"မား...."
ထို့နောက် နှစ်ယောက်လုံး ဝုန်းခနဲထရပ်ကာ ခေါင်းတွေငုံ့ထားကြသည်။တစ်ဖက်မှာလည်း သူတို့ကို မယုံနိုင်ချင်းများစွာနဲ့ ကြည့်နေတဲ့ Xiao Zhanရဲ့အမေရယ် အံ့သြလို့ပါးစပ်တောင်မပိတ်နိုင်တဲ့သူ့အဖေရယ် ခုဘာအခြေအနေဖြစ်တော့မယ်ဆိုတာမသိပဲ ပြူးတူးတူးလေးဖြစ်နေတဲ့ yichengရယ်။
"ကျွန်တော်......ကျွန်တော်"
"သားပြောတော့ မားစိတ်ပူရမဲ့အရာဘာမှမလုပ်ဘူးဆို"
"မဟုတ်....."
Xiao Zhanမှာ အောက်နှုတ်ခမ်းကို ဖိကိုက်ထားလျက် မျက်ရည်တို့က စီးကျလာသည်။
"တောင်းပန်ပါတယ် မား...."
ငိုသံလေးရောနေတော့ စကတည်းကခေါင်းပြန်မဖော်လာသေးတဲ့ Yiboက ခုမှလှည့်ကြည့်သည်။ပြီးတော့ ခေါင်းငုံ့လျက်သားပင် အနားက တစ်သျှူးကိုဆွဲယူကာ xiao zhanလက်ထဲထည့်ပေးလာသည်။
"မငိုနဲ့......"
နှစ်ယောက်သာ ကြားနိုင်နဲ့အသံနဲ့ပြောပေမဲ့ ဟိုက ကြားပုံပေါ်သည်။သူတို့ကိုသာ စိုက်ကြည့်နေတော့သည်။
"အီးဟီး........."
မငိုနဲ့ဆိုမှ ထငိုလာသော Xiao Zhanကြောင့် Yiboစိတ်ထဲ ကိုယ့်ကိုယ်ကိုယ်ပြန်ရိုက်လိုက်သည်။
"ဟင့်......တောင်းပန်ပါတယ်မား....ကျွန်တော် တို့ကို မခွဲပါနဲ့"
Yiboသူ့ရှေ့က Xiao Zhan အမေကိုကြောက်ပေမဲ့ ဘေးကချစ်ရသူကငိုနေတော့ မတော်ရသေးတဲ့ ယောက္ခမကိုလည်း ဂရုမစိုက်နိုင်တော့။ခေါင်းငုံကာ ငြိမ်ရပ်နေရာမှ ချက်ချင်း Xiao Zhanဘက်ကို လှည့်သွားကာ ချော့သည်။
"မငိုပါနဲ့......."
လက်သွယ်သွယ်လေးကို အုပ်ကိုင်ရင်းချော့မြူလိုက်သည်။ငိုသူကငို ချော့သူကချော့နဲ့ ရှေ့ကသူတွေမှာ ဆက်ပဲဆူရမလား ထွက်သွားရမလားပင် စဥ်းစားနေရတော့သည်။
"ဟင်း"
သက်ပြင်းချသံကျယ်ကျယ်ကြားတော့မှ ရုတ်တရက်အခြေအနေတောင် နှစ်ယောက်တစ်ကမ္ဘာတည်နေကြတဲ့ နှစ်ယောက်ကမော့ကြည့်လာသလို Yiboကလည်း ခုမှ Xiao Zhanနားက နည်းနည်း အင်း တစ်လက်မလောက်ခွာကာ မျက်နှာငယ်လေးနဲ့ ရပ်နေသည်။
YOU ARE READING
Dear Naughty Boy......//COMPLETE//