❕Part-25❕

1.1K 42 0
                                    

Unicode

[Note-သိပ်မမှောင်လို့ မီးကတော့အဖြူပဲ မီးနီဟုတ်ဝူး😝]
~~~~~~~~~
"Yibo ပြောစရာရှိလို့....."

"အွန်း"

Xiao Zhanစကားစတာနဲ့ yiboက နားထောင်ရန်အသင့်ဖြစ်နေလေသည်။

"ခုတလော ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်လို့ မခံစားရဘူးလား"

Xiao Zhanက တွေးစစနဲ့မေးတော့ yiboကခေါင်းခါပြလာသည်။

"ဘာဖြစ်လို့လဲ တစ်ခုခုရှိလို့လား?"

"ထားလိုက်ပါတော့"

Xiao Zhan သက်ပြင်းချမိသည်။ခုတစ်ပတ်လုံး သူတို့နောက်ကို တစ်ယောက်ယောက်လိုက်နေတယ် ခံစားမိလို့ Yiboကို မေးကြည့်ပေမဲ့ အကင်းပါးလှတဲ့ကောင်လေးကတောင် မသိဘူးဆိုတော့ သူဝေခွဲမရဖြစ်နေလေသည်။

*တီ....တီ*

"Zhan ge....ဖုန်းလာနေတယ်"

စားပွဲပေါ်က ဖုန်းကို Yiboက ထယူရင်းပြောလိုက်ပေမဲ့ xiao zhanကတော့ အတွေးကမ္ဘာထဲနစ်နေလေတော့သည်။

"Zhan ge....zhan ge...."

"ဟမ် ဟမ်"

အနားနားသွားကာ လှုပ်ခေါ်တော့မှ ကြောင်စီစီကြည့်လာသည်။

"ဖုန်းလာနေတယ်လို့.....yichengဆီက"

"အင်း ပေး"

လက်ထဲက ဖုန်းကိုယူလိုက်တော့ သူ့ကိုမပြီး ရင်ခွဲထဲဆွဲသွင်းကာ မှီစေတာမို့ အလိုက်သင့်မှီလိုက်သည်။

"ကလေးပြော...."

"ကိုကို.....ဟင့် ကိုကို..."

တစ်ဖက်က ငိုနေတာကြောင့် xiao zhan စိတ်ပူသွားသည်။

"ကလေး မင်းလား yicheng ဘာဖြစ်လို့လဲ ကိုကို့ကိုပြော"

"အင့်.....ကိုကို....အီးဟီး....ဗြဲ!"

"ဘာဖြစ်လို့လဲလို့"

"ကျွန်တော်.....ကျွန်တော် ဟင့် ရွှတ်.. ကိုကို့ဆီ တစ်ပတ်လောက် လာနေလို့ရလားဟင်...ခဏပါပဲ ကိုကို ရက်သိပ်မကြာစေရပါဘူး ဟင့်"

Xiao zhan မှာ yiboကို လှည့်ကြည့်လိုက်မိတော့ Yiboက ခေါင်းငြိမ့်ပြသည်။နှစ်ယောက်လုံးက တူတူရှိနေတဲ့ချိန်ဆို ဖုန်းပြောတိုင်း speaker ဖွင့်ပြောကြတာမို့ တစ်ဖက်ကအသံကို yiboအတိုင်းသားကြားနေရလေသည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now