Part-22

1K 39 0
                                    

Unicode

*သုံးလအကြာ*

သုံးလလောက်ကြာမြင့်ပြီးတော့ သူတို့အတွဲကြားမှ အစပိုင်းကထက် ပိုပြီးပေါ့ပါးလာသည်။Xiao Zhanဘက်ကလည်း အရင်လိုထိန်းမနေတော့ပဲ ပွင့်ပွင့်လင်းလင်းဖြစ်လာတာကြောင့် Yiboမှာလည်း တွေးပူနေစရာမလိုတော့ပေ။xiao zhanက Wang Liliကို အနှောင့်အယှက်မပေးမိချင်ဘူးဆိုကာ သူ့အရင်အိမ်သူပြန်နေပြီး Yiboကလည်း အားရင်အားသလိုလာတတ်သည်။အမှန်တော့ တစ်နေကုန် မိုးလင်းမိုးချုပ်သူ့အိမ်လာနေတာဆို ပိုမှန်မည်။အစကအဆင်ပြေပေမဲ့ အခုမပြေတော့။စာမေးပွဲရှိတာကြောင့် စာကျက်နေရပြီး သူ့ဘက်ကို ပစ်ထားသလိုဖြစ်မိတာကို အမြဲရစ်နေတတ်သည်။ခုလည်းကြည့်မနက်ကတည်းက အိမ်ရောက်ပြီးရစ်နေတာ မပြီးသေး။

"အား yibo ငါစာကျက်နေတယ်လို့...."

"ဒါပေမဲ့ ဒီနေ့တစ်နေကုန်စာကျက်နေတာပဲလေ ကျွန်တော့်ကိုကျပစ်ထားတယ်...."

"ငါစာကျက်နေတယ်လေကွာ"

"ဟွန်း စာကျက်တာတော့ဟုတ်ပါပြီ ကိုယ့်ကောင်လေးကို အချိန်လေး 5မိနစ်လောက်ဖြစ်ဖြစ်တော့ပေးအုံးမှပေါ့ဗျ ခုဟာကလွန်လွန်းပါတယ် ကျွန်တော့်ကို ပစ်ထားတာ နှစ်ပတ် ရှိပြီ!"

ဟုတ်ပါသည်။ယခင်နှစ်ပတ်လုံး xiao zhan မှာ စာမေးပွဲကြောင့်ဗျာများနေရကာ yiboကို သိပ်ဂရုမစိုက်ဖြစ်ချေ။

ပစ်ထားမိလို့ ပတ်ရမ်းပြီး ဂျီကျနေတဲ့သူက $ကျိုးနည်း အထက်ပုဂ္ဂိုလ်ကြီးပါပဲ။

"Wang Yibo!တိတ်တိတ်လေးနေစမ်းပါ!ငါစာမရသေးပါဘူးဆို"

Xiao Zhan စိတ်ပေါက်ပေါက်နဲ့ ထအော်လိုက်တော့ Yiboမှာတုန်သွားကာ ငြိမ်ကျသွားသည်။ဘာမှဆက်မပြောတော့ပဲ ဧည့်ခန်းထဲကိုသာ ထွက်သွားတော့လေသည်။

Xiao Zhanလည်း သူမရသေးတဲ့အခန်းကိုသာဆက်ကျက်နေလိုက်သည်။ဒါပေမဲ့ကြာလာတော့ အာရုံကစာဆီမရောက်တော့ ဧည့်ခန်းထဲထွက်သွားတဲ့လူဆီသာ စိတ်ကရောက်နေလေသည်။

*စိတ်ဆိုးသွားတာလား.....ဒါမှမဟုတ် စိတ်မကောင်းဖြစ်သွားတာလား အား တကယ်အဲ့လိုဆိုမဖြစ်ဘူး*

သူအသံသူသိသည်။သေချာပေါက် သူစိတ်ရှုပ်နေပြီဆိုရင် လုံးဝ ဒေါသအသံနဲ့အော်ပစ်တာ။

Dear Naughty Boy......//COMPLETE//Where stories live. Discover now