Unicode
"9နာရီအရောက်ပြန်ခဲ့မယ်..."
"အင်းပါ သွားတော့"
သို့ပေမဲ့ Yiboတစ်ယောက် ည11ကျော်မှ မူးမူးရူးရူးနဲ့ အိမ်ပြန်ရောက်လာသည်။ဒါတောင် Xiao Baoက အိမ်အထိလိုက်ပို့ပေးလို့။
Xiao Baoက အိမ်ထဲထိမဝင်တော့ပဲ အိမ်ပေါက်ဝထိသာ လိုက်ပို့သည်။ပြီးတာနဲ့ သူ့အိမ်သူပြန်သွားတော့သည်။Yiboလည်း ယိုင်တိုင် ယိုင်တိုင်နဲ့ပဲ အိမ်ထဲဝင်လာခဲ့တော့သည်။
"Zhan ge.........ရှောင်းရေ.......မောင့်အသက်ရေ"
မျိုးစုံအော်ခေါ်ရင်း အိမ်ထဲဝင်လာခဲ့သည်။
ဧည်ခန်းထဲရောက်တော့ ဆိုဖာပေါ် ကွေးကွေးလေးအိပ်နေတဲ့သူကို တွေ့တာနဲ့ ကိုယ့်မျက်လုံးကို ကိုယ်ပွတ်ကြည့်လိုက်ပြီး သူ့ရှောင်းမှန်းသိခါမှ အနားသို့တိုးသွားသည်။
"ရှောင်း....."
တိုးတိုးလေးသာခေါ်လိုက်ပြီး အိပ်ပျော်နေတဲ့သူရဲ့ နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်သည်။ပြီးမှပြန်ခွာသွားကာ ပြုံးပြုံးကြီးရပ်ကြည့်နေပြန်သည်။မက်တတ်ကောင်းကောင်း မရပ်နိုင်အောင် ယိမ်းထိုးပြီးမူးနေပေမဲ့ သူ့လူတော့သူသိသည်။ချက်ချင်းကောက်ပွေ့ပြီး အခန်းဆီပြန်ခေါ်သွားကာ ကုတင်ပေါ်နေရာတကျချပေးပြီးတော့စောင်ပါခြုံပေးလိုက်ပြီး သူပါဝင်လှဲကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ပြီးတာနဲ့ မျက်နှာတစ်ခုလုံးကို တစ်ရှုံ့ရှုံ့ပတ်နမ်းနေကာ နမ်းလို့ဝသွားတော့မှ သူပါအိပ်လိုက်သည်။
..........
"စောက်ကောင် ညကရေချိုးပြီးမှမအိပ်ဘူး မွန်ထူနေတာပဲ!"နိုးနိုးလာချင်း စူးနေအောင်ရလိုက်တဲ့ ဝိုင်အနံကြောင့် Xiao Zhan နှာခေါင်းရှုံ့သွားသည်။
*ငါက ဒီပေါ်ဘယ်လိုပြန်ရောက်နေတာလဲ ဒီကောင်ခေါ်လာတာလား?မဖြစ်နိုင်တာ ဒီကောင့်ဆီကအနံ့အရသူ့ကိုယ်သူတောင်သယ်နိုင်မဲ့ပုံမပေါ်ဘူး chengလေးလား မဟုတ်တာ သူကငါ့ထက်တောင်သေး သေးတယ်*
Xiao Zhanတွေးနေရင်းက သန့်ရှင်းရေးလုပ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
YOU ARE READING
Dear Naughty Boy......//COMPLETE//