Part-23

991 41 0
                                    

Unicode

"အ့ နာလိုက်တာ!"

Xiao Zhanမှာ အိပ်ရာနိုးနိုးချင်း ကျင်ခနဲအသိကြောင့် ရှုံ့မဲ့သွားသည်။

*ခွေးကောင်လေး သူကျအိပ်နေလိုက်တာ!*

စိတ်ပေါက်ပေါက်နဲ့ သူ့ကိုဖက်အိပ်နေတဲ့ yiboကို ပိတ်ရိုက်ပစ်သည်။

"အား!နာတယ်လို့!zhan geရေ မရိုက်နဲ့လို့..."

"ခွေးကောင်လေး မင်းဒီနေ့ အေးဆေးမနေစေရဘူး ဟွန့်"

Yiboလည်း အခုမှ သူ့zhan geဘာဖြစ်နေမှန်းသိပြီး လှဲနေတဲ့သူကို အရင်ဆွဲထူလိုက်တော့သည်။

"အောင်မလေး ငါ့ခါး......ခွေးကောင်လေး!လူလိုမလုပ်ဘူး!"

Yiboလည်း သူ့အပစ်နဲ့သူမို့ ခေါင်းကုပ်ရုံသာ တတ်နိုင်တော့သည်။

မနေ့က သူတို့မနက်ကတည်းက လျှောက်လည်ကြပြီး ညရောက်တော့ သူ့zhan geက ထမင်းချက်ကျွေးမယ်ဆိုတာနဲ့ အိမ်မပြန်ဖြစ်တော့တာ။စားလည်းပြီးရော ပန်းကန်တွေကို လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဆေးနေတဲ့ပုံလေးကို အသည်းယားနေပေမဲ့ အဲ့တုန်းကထိန်းပါသေးတယ်။နောက်တော့ ဧည့်ခန်းထဲမှ ထိုင်ပြီး TVကြည့်ကြတယ်။ကိုယ့်အပေါ်မှာတက်ထိုင်နေလို့ နဂိုတည်းက ထိန်းနေရပါတယ်ဆို လှုပ်စိလှုပ်စိဖြစ်လိုက် အသီးပန်းကန်ကို ကုန်းကုန်းကောက်လိုက်လုပ်နေတော့ ဘယ်သူကထိန်းနိုင်တော့မှာလဲ...

"အီးဟီး!မားမားရေ မားမားသားလေး အောက်ပိုင်းသေပြီလား မသိပါဘူး ဗြဲ!!"

ရုတ်တရက်ထငိုလာတဲ့ xiao zhanကို yiboအရှုံးပေးလိုက်ရတော့သည်။

"အဟင့် ခွေးကောင်‌!.."

"ညတုန်းကကျ ယောကျ်ားဆို...."

*ဂွက်*

[Liam-သင်ခန်းစာ နံပါတ်1 လုပ်ပြီးလို့ စိတ်ဆိုးနေတုန်း ညကအကြောင်းပြန်ဖော်ပါက ခေါင်းကွဲအောင် အခေါက်ခံရမည်]

Yiboမှာ နာသွားတဲ့ ခေါင်းကို ပွတ်ကာရှုံ့မဲ့သွားသည်။

"ဟုတ်တာပဲကို.....အဲ့လိုခေါ်တော့ ဘယ်လိုလုပ်စိတ်ထိန်းနိုင်မလဲလို့"

"နည်းနည်းပါးပါးတော့လျော့ပါအုံးလား!မင်းလို ငယ်ငယ်လေးများမှတ်နေလား!ဟွန်း...."

Dear Naughty Boy......//COMPLETE//Where stories live. Discover now