Part-9(2)

1.2K 57 2
                                    

Unicode

*Wang Yiboရေ ဆွဲနိုင်ရဲ့သားနဲ့ဆွဲဟ!ငါနေရတာခက်နေပြီ*

Xiao zhanစိတ်ထဲကနေသာ အော်ပြောနေမိသည်။တကယ်ပါ သူသာရုန်းလို့ရရင် အစောကြီးကတည်းက ရုန်းနေပြီ။
.
Yibo အစက xiao zhanသူ့ကိုထားပြီး ထွက်သွားတာကြောင့် နာချင်ယောင်ဆောင်ကာ အော်လိုက်တော့ သူ့ဒေါက်တာလေးက ချာခနဲပြန်လှည့်လာတယ်လေ။ပြုံးပြမလို့ပြင်တုန်း ဒေါက်တာလေးက လူတစ်ယောက်ကို ဝင်တိုက်မိသွားတယ်။လဲကျပြီထင်ပြီး ထိုင်ရာက အုန်းခနဲဆင်းလိုက်ပြီး သွားထူဖို့ပြင်ပေမဲ့ တစ်ဖက်လူက ဆွဲထိန်းလိုက်တာကြောင့် စိတ်သက်သာရာရသွားတော့သည်။ဒါပေမဲ့ လွှတ်မပေးဘဲ ဆက်ဖက်ထားတာကြောင်ဒေါသတို့က ထွက်လာလေတော့သည်။အဲ့တာနဲ့ အနားကို ခပ်မြန်မြန်ရောက်သွားကာ ဒေါက်တာလေးလက်ကို ကိုင်ပြီး ပြန်ဆွဲဖို့အလုပ် တစ်ဖက်က သူ့ကို့ကြည့်ကာ တင်းနေအောင်ပြန်ဖက်ပြထားတာမို့ တစ်ဖက်လူကို မကျေမနပ်ကြည့်နေလိုက်သည်။သူပြန်ဆွဲရင်ရပေမဲ့ တစ်ဖက်က တင်းနေအောင်ဖက်ထားတာကြောင့် သူဆွဲလိုက်လို့ပါလာရင်တောင် သူ့zhan geနာသွားမှာအသေချာ။စောနက သူလှမ်းဆွဲတာတောင် နာသွားလို့ထင်ပါရဲ့ မျက်နှာက မဲ့သွားတာ။

Yiboတွေးရင်း xiao zhanကို တစ်ဖန်ပြန်ကြည့်တော့ သူ့ကို မကျေမနပ်စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။yiboလည်း ကြောင်အကာ ပြန်ကြည့်နေတော့ သူဆွဲထားတဲ့လက်က်ို မျက်စပစ်ပြပြီး ပါးစပ်လှုပ်ရုံပြောလာတယ်။

"မဆွဲဘဲ ဘာလုပ်နေတာလဲ"တဲ့။Yiboလည်း အံ့သြသွားပြီမှ တစ်ချက်ပြုံးကာ Xiao Zhanကို တစ်ဖက်ကလူဆီက ဆွဲလိုက်တော့ ချက်ချင်းဆိုသလို ပါလာသည်။ပြီးတော့မှ သူ့ဘက်ရောက်လာတဲ့ xiao zhanကို ပုခုံးကနေပြန်သိုင်းဖက်လိုက်ပြီး တစ်ဖက်လူကို စိန်ခေါ်သလိုမျက်လုံးပင့်ပြလိုက်သည်။
.
Xiao Zhanသူ့ကိုစိုက်ကြည့်လာတဲ့ Yiboကို ဆွဲရန်အချက်ပြတော့ ဟိုကနားလည်သလိုပြုံးကာ သူ့ကိုဆွဲတော့သည်။တစ်ဖက်ကလူစိမ်း လက်ထဲက လွတ်သွားတဲ့ အခိုက်အတန့် xiao zhanပျော်သွားပေမဲ့ အပျော်တွေက ကြာကြာမခံပေ။အကြောင်းအရင်းကတော့ တစ်ဖက်ဆီကလွတ်ပြီး မကြာ Yibo က သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရျ်ဖြစ်သည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now