Part-33(Final)

1.7K 52 0
                                    

Unicode

နှစ်လအကြာမှာတော့ သူတို့မျှော်လင့်စောင့်စားခဲ့ရတဲ့ရက်ကို ရောက်ရှိလို့လာခဲ့လေတော့သည်။လူတိုင်းက အလုပ်တွေရှုပ်နေကြပေမဲ့ အပြုံးမပျက်ပဲ ပျော်တပြုံးပြုံးဖြစ်နေသည်မှာ ရင်ထဲကြည်နူးစရာ။သို့သည့်တိုင် Wang Yiboတစ်ယောက်ထဲကသာ ထိုင်မရထမရဖြစ်ကာ အခန်းငယ်လေးထဲ ပတ်လျှောက်နေလေသည်။

"Yibo မင်းငြိမ်ငြိမ်လေးထိုင်နေပါလား မင်းကြည့်ရတာ ငါခေါင်းမူးလာပြီ"

Yufengက ရူဆေးဘူးတစ်ခုကို နှာခေါင်းထဲထိုးထည့်ရင်း Yiboကို စိတ်ရှုပ်သလိုကြည့်လာသည်။

Gaoliuက သူဘာဖြစ်နေတာလဲဟု မေးသည့်ပုံစံဖြင့် Yiboကိုမေးဆက်ပြသည်။

"ဘာဖြစ်ရမလဲ မနက်ကတည်းက သူ့ကိုကို ကိုမတွေ့ရသေးလို့တဲ့ဟေ့ ခနနေပဲ မင်္ဂလာဆောင်တော့မဲ့ဟာကို အဖြစ်သည်းနေတာ"

"အေးလေ Yiboရာ ခနနေပွဲထဲကျတွေ့ရမှာပဲကို"

Yiboက ဆက်မလျှောက်တော့ဘဲ ဆိုဖာခုံပေါ်ထိုင်ချကာ ထိုနှစ်ယောက်ကို မကျေမနပ် စိုက်ကြည့်လာသည်။

"တကယ်ကြီးလား ငါ့ကိုမနက်ကတည်းက zhan geနဲ့ ပေးမတွေ့ကြတာ မင်းတို့အတွက် ပျော်စရာကောင်းနေတာလား?ခဏလေးပါပဲဆိုတာတောင် မရကြဘူး သူတို့ကြ သူတို့ဟာလေးတွေနဲ့ သွားသွားတွေ့နေပြီးတော့!"

ဆောင့်ကြီးအောင့်ကြီးပြောလာတဲ့ Yibo ကြောင့် ကျန်သုံးယောက်စလုံးအော်ရီမိကြသည်။

"အဟက် ငါတို့ကအရံတွေလေကွာ သွားတွေ့လည်း ကိစ္စမရှိဘူး"

"တော်တော်ကြီးကို တရားမျှတကြတဲ့ ကောင်တွေပဲ!"

Yiboကဆူပုတ်နေသလောက် ကျန်သုံးယောက်ကတော့ အားရပါးရကို အော်ရယ်နေတော့လေသည်။

တစ်ဖက်တွင်လည်း

"ဟင့် ကြောက်တယ်လို့"

"ဘာကြောက်စရာရှိလဲ ကိုကိုရဲ့ မင်္ဂလာဆောင်တယ် ဆိုတာ ပျော်စရာကြီးပါနော် ကျွန်တော်ဆိုဖြစ်နိုင်ရင် ခုတောင်ဆောင်ပစ်ချင်တာသိလား"

Xiao Zhanက နှုတ်ခမ်းရဲရဲလေးကို တစ်တောင်လောက်ထော်ထားတော့ Yichengက ပါးလေးကို တစ်ချက်ဆွဲဖျစ်ရင်း ပြောလာသည်။

Dear Naughty Boy......//COMPLETE//Where stories live. Discover now