Part-21

1K 54 2
                                    

Unicode

"သားသား သားသားကိုကြည့်ရတာ ဒီတစ်ခေါက်မွေးနေ့မှာအရမ်းပျော်နေသလိုပဲနော်"

"ကိုကိုဒေါက်တာပါလာမှာလေ မားမားရဲ့!!"

Yichengက ဧည့်ခန်းထဲတွင် ခုန်ပေါက်နေရင်းပြောသည်။

"ရိချန်းရား....ငြိမ်ငြိမ်လေးထိုင်နေပါလား ကိုကိုခေါင်းမူးလာပြီ"

Yufengက ဧည့်ခန်းကို အလှဆင်နေရင်း သူ့နားခုန်ပေါက်နေတဲ့ သူ့ညီကိုပြောလိုက်သည်။

"အား ခဏနေရင် ကိုကိုတို့လာတော့မှာ......ကိုကြီး အပြင်မှာထွက်စောင့်ရအောင်လေ နော် နော် ကိုကြီးဟာကမပြီးသေးဘူးလား!!"

"ပြီးပြီ ပြီးပြီ.....ဟူး...မင်းကလည်းနော် 21နှစ်သာပြည့်တယ် 12သားကျနေတာပဲ"

Yichengက ဟဲခနဲရယ်ပြရင်း သူ့အကိုလက်ကိုဆွဲကာ ခြံရှေ့မှာရပ်စောင့်နေသည်။

"Yicheng မင်းငါတို့ကို ထွက်စောင့်နေတာလား.....အဟား မလိုပါဘူးမွေးနေ့ရှင်လေးရယ်"

Yichengသူငယ်ချင်းတွေကထောက်လာတော့ ခြံရှေ့မှာ လည်တဆန့်ဆန့် ဖြစ်နေတဲ့yichengကိုစသည်။

"ဖြစ်စရာလား ဝေးသေး....သွားသွား အိမ်ထဲဝင်ကြ!"

လက်ကလေးခါကာခါကာနဲ့ နှင်လွှတ်တော့ သူ့ငယ်ချင်းမလေးတွေက နှုတ်ခမ်းတထော်ဖော်ဖြစ်ကုန်သလို ယောကျာ်းလေးတွေကလည်း Yicheng ကို တစ်ယောက်တစ်လှည့်ခေါင်းခေါက်သွားကြတာမို့ yichengခမျာ ရှုံ့မဲ့နေရှာသည်။

"ဟွန်းနောက်ဆို သူတို့ကိုမဖိတ်တော့ဘူး...."

"ဟော ဟိုမှာ မင်းကိုကိုဒေါက်တာလာပြီ"

Yufengကလက်ညှိုးထိုးပြတော့ yichengက ခုန်ပေါက်ကာပြေးသည်။

"အောင်မလေး ဖြေးဖြေးပြေးလည်းရပါတယ် ကလေးရယ်"

"ဟီး ကိုကို့ ကို မျှော်နေတာ.....အယ် အကိုလည်းပါလာတာပဲ!"

ကားပေါ်ကဆင်းလာတဲ့yiboကိုပါမြင်သွားတော့ မျက်လုံးလေးတွေဝိုင်းလာကာ ပြောသည်။

"ရော့ ဒီမှာ မွေးနေ့လက်ဆောင် ဘာကြိုက်တတ်မှန်းမသိလို့ အရုပ်ကလေးပဲဝယ်လာတယ်"

Dear Naughty Boy......//COMPLETE//Where stories live. Discover now