Part-7

1.4K 65 0
                                    

Unicode

"ဟေး ဒေါက်တာ....ကျွန်တော့်ကို မှတ်မိလား"

ဆေးရုံထဲဝင်ရန်ပြင်နေတုန်း နောက်ကနေ လှမ်းအော်သံကြားတာကြောင့် xiao zhan လှည့်ကြည့်လိုက်သည်။

"အော် မင်းကို..."

"ဟီး ဒေါက်တာက မှတ်မိသားပဲ"

"အင်း ဘာကိစ္စရှိလို့လဲ"

Xiao zhanခပ်တည်တည်မေးလိုက်တော့ ပြုံးပြလာတဲ့ရုပ်က စပ်ဖြဲဖြဲ

"ဟဲ ဒီတိုင်းပါပဲ မနေ့ကပေးတဲ့ ပန်းစည်းရလားလို့မေးတာ"

"အင်း ပန်းစည်းလည်းရတယ် ဒုက္ခလည်းရတယ်"

"ဟင် ဘာဖြစ်လို့လဲ"

"မင့်ပန်းစည်းကြောင့် ငါအစခံရတယ်လေ..."

"ဘယ်လိုစလို့လဲ"

"ရည်းစားရနေတာလား ဘယ်သူပေးတာလဲဘာညာပေါ့.....ဒါထက့် နေစမ်းပါအုံး မင်းကဘာလာလုပ်ပြန်တာလဲ"

"ဟို အော် ကျွန်တော့် သူငယ်ချင်းလေ ဆေးရုံတက်နေလို့ အဲ့တာ လူနာလာစောင့်တာ..."

"အော်...."

"ဒါဆို..."

"အမ် ငါသွားတော့မယ်!"

Xiao Zhanလည်း Yiboကို စကားစအမြန်ဖြတ်ပြီး ထိုနေရာမှ သုတ်ခြေတင်လာခဲ့တော့သည်။

*ဘာလို့ထွက်ပြေးသွားတာတုန်း*

ကျန်ခဲ့တဲ့ Yiboမှာတော့ ထိုနေရာတွင်သာ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့ရှာတော့သည်။
.
.
"ဒေါက်တာ ခေါင်းမူးလို့ ကြည့်ပေးပါအုံး!"

ခုxiao zhanတော်တော်စိတ်ရှုပ်နေပြီဖြစ်သည်။Yiboဆိုတဲ့ကောင်ဟာ သူနားနေဆောင်ထဲရှိနေပြီဆို အမြဲရောက်ချလာတတ်ပြီး အကြောင်းမျိုးစုံပြတတ်သည်။ခုလည်း ခေါင်းမူးလို့တဲ့လေ

"ဘာ...ဘာဖြစ်တယ်"

"ခေါင်းမူးလို့ပါဆိုဗျာ ဒေါက်တာကလည်း"

"မူးရပြန်ပကော!ရော့ ဆေး အဲ့မှာ"

"ဟင် မစမ်းသပ်တော့ဘူးလား"

"ငါဆရာဝန်!အာမခံနဲ့"

"ဟုတ်ကဲ့ပါဗျာ ဟုတ်ကဲ့ပါ"

ဆရာဝန်အာဏာပြနေတဲ့ xiao zhanကို yiboက စကားနားထောင်သည့်ပုံစံမျိုးဖြင့် စလိုက်တော့ သူ့ဆီရောက်လာတဲ့ မျက်စောင်းက ဒိုင်းခနဲ

Dear Naughty Boy......//COMPLETE//Where stories live. Discover now