Part-9

1.3K 61 0
                                    

Unicode

"ဒီမယ် ချာတိတ် မင်းက ငါမခေါ်လဲ လာနေတာပဲမလား ပြီးတော့ ငါမင်းကို နှင်ထုတ်တော့လို့လား"

"အရင်က နှင်ထုတ်တယ်လေ.....ခုတော့မရဘူးနော် နှင်ထုတ်လို့မရဘူး"

"ဟုတ်ပါပြီ ချာတိတ်ရယ်"

နှုတ်ခမ်းတွေကို လုံးတက်အောင် ဆူပုတ်ပြီးပြောနေတဲ့ ပုံလေးက အရင်ရက်တွေက သိထားတဲ့ ဂျစ်ကန်ကန် ကောင်လေးနဲ့လုံးမတူ။ပုံစံတစ်မျိုးနဲ့ ချစ်ဖို့ကောင်းနေပြန်ရော။

"ကျွန်တော် ထလို့ရပြီလား"

"အင်း မမူးတော့ရင်ပြန်လို့ရပါပြီ..."

"မပြန်သေးပါဘူး သုံးရက်တောင် မတွေ့ထားရတာ နေနိုင်တယ်များထင်လို့လား"

Yiboပြောလာမှ ထွက်သွားဖို့ပြင်နေတဲ့ Xiao Zhanက ပြန်လှည့်လာကာ လက်တစ်ဖက်က ခါးကိုထောက် ပြီး ခေါင်းလေးစောင်းကာ ကြည့်လာသည်

"မင်းပြောမှသတိရတယ် သုံးရက်လုံး ပျောက်နေတာ ဒီလို ဒဏ်ရာရဖို့ စဥ်းစားနေတာများလား ဟမ်"

ဆူပူသလိုပုံစံနဲ့ ပြောလာတာကြောင့် Yibo ပြုံးမိသည်။အနည်းဆုံးတော့ သူ့zhan geက သူ့ကိုဂရုစိုက်သေးသားပဲ။သဘောကောင်းတတ်တဲ့ အကျင့်ကြောင့်လားမသိ သူအမြဲသွားသွားတွေ့နေတဲ့ တစ်ပတ်ကျော်အတွင်း zhan geက သူ့အပေါ် အလိုက်အထိုက်ဆက်ဆံပေးလာပြီးအရင်ကလိုလည်း နှင်မထုတ်တော့ဘူးလေ။

"အဲ့ရက်တွေက မအားလို့မလာဖြစ်တာပါ သင်တန်းက ပျက်တာများသွားလို့ ခုပျက်လို့မဖြစ်တော့လို့လေ....ခေါင်းကဒဏ်ရာကလည်း သင်တန်းကကောင်တွေက ချောင်းရိုက်လိုက်တာ"

"အဲ့တော့ ဆိုစမ်းပါအုံး သင်တန်းပျက်ရတာ ဒီကို လာအလေလိုက်နေလို့မလား"

မှန်မှန်ပြောနော်ဆိုတဲ့ပုံစံနဲ့ ရပ်ကြည့်နေတာကြောင့် အထိတ်ထိတ် အလန့်လန့်ခေါင်းငြိမ့်ပြရသည်။မလာခိုင်းတော့ရင် ဘယ်လိုလုပ်မလဲ။

"ဒါပေမဲ့ နေ့တစ်ဝက်လောက်ပဲပျက်တာပါ သင်တန်းက အဲ့လောက်လည်းအရေးမကြီးဘူး ကျွန်တော်က ကျောင်းပြီးသွားပြီ ဒါက အလုပ်ဝင်ဖို့အတွက် ဘာသာစကားတစ်ခုတတ်အောင်သင်ထားတာ"

Dear Naughty Boy......//COMPLETE//Where stories live. Discover now