အခန်း ၁၀၀၁+၁၀၀၂

1K 108 0
                                    

[Unicode]
အခန်း ၁၀၀၁ ချင်းကုန်း?

ကုနင်းစီးနင်းလာသည့် ကိုယ်ပိုင်အပျော်စီးလှေက နတ်ဆိုးကျင့်ကြံသူရှိနေသည့် အပျော်စီးလှေနားနီးကပ်လာချိန်မှာတော့ ကုနင်းက ဘေးတိုက်အပြိုင်မောင်းရန် လင်ရှောင်းထင်ကိုပြောလိုက်သည်။

“ဆာရ်၊ ကျွန်မတို့အေးအေးဆေးဆေးစကားပြောလို့ရအောင် ကျွန်မလှေပေါ်တက်လာခဲ့ရင်မကောင်းဘူးလား?” ကုနင်းက နတ်ဆိုးကျင့်ကြံရေးသမားကိုလှမ်းပြောလိုက်ခြင်းပင်။

လင်ရှောင်းထင်လဲ ထိုတော့မှ ကုနင်းက ထိုလူနှင့်တွေ့ဖို့ရည်ရွယ်ထားကြောင်း သတိသွားခဲ့ကာ ထိုလူကိုမြင်လိုက်သည်နှင့် မှတ်မိသွားခဲ့သည်။ ထိုလူ၏ယင်စွမ်းအားမှာ အမှန်ကိုသိသာလှသည်။ သာမာန်လူများဆိုလျှင် ခံစားသိရှိနိုင်မည်မဟုတ်သော်လည်း လင်ရှောင်းထင်ကတော့ ခံစားနိုင်ခဲ့သည်။

ကုနင်းက သူ့ကြောင့်နဲ့တမင် ဒီကိုလာမှန်း နတ်ဆိုးကျင့်ကြံသူသိနေသော်လည်း သူကိုယ်တိုင်ကလဲ ကုနင်းကိုရှာနေခြင်းဖြစ်တာကြောင့် ကုနင်း၏ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။

“ရတာပေါ့!” ထိုလူကပြောပြီးသည်နှင့် ကုနင်း၏လှေပေါ်သို့ချက်ချင်းခုန်တက်လိုက်သည်။

ထိုအချင်းအရာကိုကြည့်နေကြသူများမှာတော့ ထိတ်လန့်အံ့ဩသွားကြသည်။

“ဘုရားရေ၊ အဲ့လူ ဟိုဘက်လှေပေါ်ဒီအတိုင်းလေး ခုန်ကူးသွားတယ်ပေါ့!”

“အဲ့ဒါ ချင်းကုန်းလား?” (ချင်းကုန်း-ကိုယ်ဖော့ပညာ)

အမှန်ကို ချင်းကုန်းပင်။

အနာဂါတ်တွင် နတ်ဘုရားများဖြစ်ဖို့ရန် မျှော်မှန်းရင်း စိတ်စွမ်းအားလေ့ကျင့်သူတွေရှိလာတော့မှာဖြစ်သည်။ ဒါ့အပြင် နတ်ဘုရားတွေပျံသန်းနိုင်တာကတော့ ပြောနေစရာပင်လိုတော့မည်မဟုတ်ပေ။

နတ်ဆိုးကျင့်ကြံသူ၏ စိတ်စွမ်းအင်လေ့ကျင့်မှုသည် အလုံးစုံပြီးမြောက်ခြင်းမရှိသေးသော်လည်း သူ့လက်ရှိအဆင့်တွင် ချင်းကုန်းကိုကောင်းကောင်းလုပ်နိုင်ပြီဖြစ်သည်။  သို့သော်လည်း အမြင့်ကြီးတော့မပျံနိုင်သေးဘဲ ၂ပြ၃ပြလောက်အမြင့်သာရသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now