အပိုင်း ၁၅၉၇-၁၆၀၀

242 25 0
                                    

အခန်း ၁၅၉၇ လုံးဝကွဲပြားသော သဘောထားများ


"စားသောက်ဆိုင်ပိုင်ရှင်က သူ့ရဲ့ အဆက်အသွယ်တွေကို ဘာလို့ အကူအညီတောင်းရတာလဲဆိုတာကို ကျွန်မ နားလည်တယ်။ သူက သူ့ကိုယ်သူနဲ့ သူ့စီးပွားရေးကို ကာကွယ်ခဲ့တာပဲ။" ဟု ကုနင်းက

ပြောလိုက်သည်။

"မင်းမှန်တယ်..." ဟု ရှန့်ကွမ်ယန်က ထောက်ခံလိုက်သည်။

သူတို့ မြို့တော်ကောကို ရောက်သောအခါ ညနေ(၅)နာရီထိုးလုနီးပါးဖြစ်သောကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုဆီသို့ သူတို့ ဦးတည် သွားခဲ့ကြသည်။

ရှန့်ကွမ်ယန်၏ အိုင်ဒီကတ်လိပ်စာက လင်ရှောင်းထင်၏ ရှေးဟောင်းပုံစံဂေဟာတည်ရှိသောနေရာဖြစ်ပြီး သူ၏အသက်ကို (၆၈)နှစ်အဖြစ် ထည့်သွင်းခဲ့လေသည်။

ရှန့်ကွမ်ယန်၏ အိမ်လိပ်စာက မြို့တော်၏ အလယ်ဗဟို၌ ရှိနေတာကို တွေ့ရသောအခါ ရဲမှာ ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။ ထို့အပြင် သူနေထိုင်သောနေရာက အခြားသော တည်ဆောက်ပုံများနှင့် ကွဲပြားသော အဆောက်အအုံတစ်ခု ဖြစ်သည်မှာ သိသာပေသည်။

ရှန့်ကွမ်ယန်က အရေးကြီးသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း ရဲက သိသောကြောင့် သူက ဥပဒေရေးရာလုပ်ထုံးလုပ်နည်းများကို အမြန်ပြီးစီးအောင် အဆုံးသတ်ခဲ့သည်။ သူတို့သွားသောအခါ ရဲ၏ လုပ်ဖော်ကိုင်ဖက်က ပြက်လုံးထုတ်ခဲ့သည်။

"ရှောင်ကျန်း... မင်းက တကယ့်ကို ကျွမ်းကျင်တာပဲ။"

"အဘိုးကြီးက အရမ်းအရေးကြီးလား?" အခြားရဲက ပြောလိုက်သည်။

"မင်းမှန်တယ်။ အဘိုးကြီးက အရမ်းချမ်းသာတဲ့သူ မဟုတ်ရင် ဩဇာရှိတဲ့သူဖြစ်ရမယ်။ သူက မြို့တော်ရဲ့ အလယ်က သီးသန့် အဆောက်အအုံတစ်ခုမှာနေတာ။"

"ဘာ?"

"တကယ်လား?"

"ဝိုး... မြို့လယ်ခေါင်က သီးသန့်အဆောက်အအုံက ယွမ်တစ်ဘီလီယံကျော် တန်တယ်။"

"..."

လင်ရှောင်းထင်၏ ရှေးဟောင်းပုံစံဂေဟာက တကယ့်ကို ယွမ်တစ်ဘီလီယံကျော် တန်ဖိုးရှိလေသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now