အပိုင်း ၁၃၈၁-၁၃၉၈ (Unicode)

1.3K 86 3
                                    

အခန်း ၁၃၈၁ နောက်ကလိုက်ခြင်း

ထို့အပြင် လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့သည် ကုနင်းကို ချစ်ကြလေသည်။ ထို့ကြောင့် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ ကုနင်းကို ဆန့်ကျင်နေကြခြင်းသည် လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့ကို ဆန့်ကျင်ခြင်းကဲ့သို့ သဘောသက်ရောက်လေသည်။

"ဘယ်လိုလုပ်ကြမလဲ?" ကျန်းရှူးယွမ် အနည်းငယ် ထိတ်လန့်နေပြီ ဖြစ်သည်။ သူမသည် ကုနင်း ဆေးမပေးမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ကုနင်းကို မုန်းသော်လည်း သူမ၏ ဆေးအစွမ်းကိုတော့ ကောင်းကောင်းသိသည်ပင်။

"အဖေက ရှောက်ကျားကိုတော့ ဂရုစိုက်ပါတယ်.. ဒါပေမယ့် သူအခု စိတ်ဆိုးနေသေးတော့ ခဏတော့ စောင့်လိုက်ကြတာပေါ့.. မနက်ဖြန် အဖေ့ကို သွားတောင်းပန်လိုက်။" လင်ယွမ်ချန်က ပြောလိုက်သည်။

"ဟုတ်တယ် တောင်းပန်လိုက်မယ်။" ကျန်းရှူးယွမ်ကလည်း ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

ထို့ကြောင့် လင်ရှောက်ကျားသည် နာကျင်မှုကို နောက်တစ်ည ထပ်ခံစားလိုက်ရသည်။

...

လင်မိသားစု ဆေးရုံမှ ပြန်ကြချိန်တွင် လင်ယွမ်ကျန်း၊ စုန့်ဝမ်ရွှမ်နှင့် သခင်ကြီးလင်တို့သည် အရှေ့မှ ကားထဲသို့ တက်လိုက်ကြပြီး လင်ယွမ်ကျင်း၊ ယွီယင်နှင့် ကလေးများကတော့ အနောက်ကားဆီသို့ သွားလိုက်ကြသည်။

သူတို့ကားထဲ ရောက်သောအခါ လင်ယွမ်ကျင်း က "ယင်.. ရှူးယွမ်က ကုနင်းကို ဘာလုပ်ခဲ့လို့ အဖေက ဒီလောက်တောင် စိတ်ဆိုးနေတာလဲ" ဟု မေးလိုက်သည်။

ယွီယင်ကလည်း လင်ယွမ်ကျင်းကို ကျန်းရှူးယွမ်၊ လင်ရှောက်ကျားနှင့် ကုနင်းတို့ကြား ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို ပြောပြလိုက်သည်။

"ရှူးယွမ်က တော်တော်ဆိုးခဲ့တာ.. သူ့အပြုအမူတွေကို အခုပြန်တွေးကြည့်ရင်တောင် အံ့ဩမိနေတုန်းပဲ.. ရှောက်ကျားကလည်း ငယ်ငယ်က အလိုလိုက်ခံထားရတော့ ဆိုးတယ်ဆိုတာ သိပေမယ့် ကြီးလာတော့ ပြောင်းလဲလာပြီ ထင်ထားတာ.. အတွေးမှားခဲ့တာပေါ့" လင်ယွမ်ကျင်း သက်ပြင်းချရင်း ပြောလိုက်သည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now