Chapter 1553+1554

362 45 0
                                    

အခန်း ၁၅၅၃ နင် ငါ့ကို ဘာအကြောင်းပြောချင်တာလဲ...

ယခုအချိန်အထိ ကုဖန်းသည် Weibo ပေါ်တွင် ဖော်လိုဝါ ထောင်ဂဏန်းအနည်းမျှသာရှိပြီး ၎င်းကို ဖောလိုးလုပ်ခဲ့သောသူ အများစုကလည်း ကုနင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကုဖန်း၏ Weibo အကောင့်ပေါ်၌သာ သူတို့ အမှီပြုနေခဲ့လျှင် ၎င်းအတွက် လုံလောက်သော ကြော်ငြာခြင်း ဖြစ်မည်မဟုတ်ပေ။

သို့သော် ကုနင်းမှာတော့ ဖော်လိုဝါ (၁၀)သန်းကျော်ရှိနေခဲ့ပြီး ထိုသူ အများစုကလည်း သူမ၏ သစ္စာရှိသောဖန်များ ဖြစ်သောကြောင့် သူတို့က အတော်လေး တက်ကြွနေခဲ့ကြသည်။

ပို့စ်ကို ပြန်တင်ပြီးနောက် ကုနင်းက ကုမန့်ကို ဖုန်းခေါ်ကာ ညစာစားပြီးခြင်းရှိမရှိကို သူမအား မေးလိုက်သည်။

ယခု အနည်းငယ်နောက်ကျနေပြီဖြစ်သောကြောင့် ထန်မိသားစု ညစာစားပြီးလောက်ပြီဖြစ်သည်။သူတို့ အခုထိ မစားရသေးလျှင် သူမ ပြန်သွားကာ သူတို့နှင့်အတူ ညစာစားမည်ဖြစ်သည်။ အကယ်၍ သူတို့ စားပြီးပြီဆိုလျှင်တော့ သူမ အိမ်သို့မပြန်မီ အပြင်၌ စားသွားမည်ဖြစ်သည်။

ကုမန့်က သူတို့ ခုထိ ညစာမစားရသေးကြောင်း ကုနင်းကို ပြောခဲ့

သည်။ ထိုအခါ ကုနင်းက ခဏနေလျှင် သူတို့နှင့်တွေ့ပြီး ညစာအတူစားမည်ဟု ကုမန့်အား ပြောလိုက်လေသည်။

ထိုအခါ ယခု ကုနင်း Bမြို့သို့ ပြန်ရောက်နေကြောင်းကို ကုမန့် သိလိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားတော့သည်။ ထို့ကြောင့် သူမသည် ထန်ဟိုင်ဖုန်းအား ချက်ချင်းပင် သတင်းကောင်းကို ပြောပြလိုက်သည်။

"ငါ့ကိုဖုန်းပေး... အခု ငါ့ကို ဖုန်းပေး..."ထိုသို့ပြောရင်း ထန်ဟိုင်ဖုန်းလည်း စိတ်လှုပ်ရှားနေခဲ့သည်။

"မင်း B မြို့ကို ပြန်ရောက်လာတဲ့အချိန်က ငါ့ကို ဘာလို့ ဖုန်းမဆက်ခဲ့တာလဲ..."

ထန်ဟိုင်ဖုန်းက မကျေမနပ်ပြောလိုက်လေသည်။ သူက ကုနင်းကို အသည်းအသန် အပြစ်ရှာနေခြင်းမဟုတ်ပေမယ့် အနည်းငယ်တော့ စိတ်မကောင်း ဖြစ်ခဲ့ရသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now