အပိုင်း 1111-1128 (Unicode)

1.5K 114 2
                                    

အခန်း ၁၁၁၁ နောက်ထပ် 'ထန်အိုက်နင်း'တစ်ယောက်နဲ့ သွားတွေ့ရမယ်

ကုနင်းက သူ့ကိုလက်ကမ်းကူညီပေးခဲ့ကာ သာမာန်လူတစ်ယောက်လိုမျိုး ပျော်ရွှင်သည့်ဘဝမျိုးတွင် နေနိုင်စေခဲ့သည်။

"အမ်.. ကုမ္ပဏီကအစားအသောက်တွေကို ရှင်ခံတွင်းမတွေ့ဘူးလား?" ပါးထျန်းယန်လက်ထဲက နေ့လည်စာဘူးကို ကုနင်းသတိထားမိသွားသည်။

ပါးထျန်းယန်ကို တမင်မေးခွန်းထုတ်လိုခြင်းမဟုတ်ဘဲ ပါးထျန်းယန် ဘာကြောင့်များ နေ့လည်စာဘူးကို သူ့ဘာသာယူခဲ့လဲ ကုနင်း သိချင်မိရုံသာဖြစ်သည်။ ကုမ္ပဏီကအစားအသောက်တွေက မကောင်းတာကြောင့်ဆိုရင် ပိုကောင်းလာအောင် သူမလုပ်ဆောင်ပေးနိုင်ပေလိမ့်မည်။

လူတိုင်းတွင် အရသာခံစားမှုခြင်းမတူညီကြသော်လည်း အားလုံးနဲ့အတော်အသင့်အဆင်ပြေလောက်မည့်အခြေအနေမျိုးဖြစ်အောင်တောင် သူမပြင်ဆင်ပေးချင်မိသည်။

"အာ၊ မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ဘူး။" ပါးထျန်းယန် ချက်ချင်းငြင်းလိုက်သော်လည်း ခဏချင်းအတွင်း ရှက်သွားမိသည်။ သို့သော်လည်း ကုနင်း သူ့ကိုအထင်မလွဲသွားစေရန်အတွက် ပါးထျန်းယန် ရှင်းပြလာတုန်းပင်။ "အဲ့ဒါကလေ၊ မန်နီ၊ ဟို မန်နေဂျာစုန့်က ဒီနေ့နေလို့သိပ်မကောင်းဘူးဆိုတာနဲ့ ငါ သူ့အတွက်ယာဂုနည်းနည်းသွားဝယ်လာပေးတာပါ။"

ပါးထျန်းယန် အလွန်စိတ်လှုပ်ရှားနေတာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောနေပုံက သူ့ကိုကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်ပါလို့ ပြောဖို့တောင် ယုံချင်စရာမကောင်းတော့ပေ။

သူငယ်စဉ်ကတည်းက သတ်ဖြတ်သူအဖွဲ့အစည်းတွင် ကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်အဖြစ် လေ့ကျင့်ပေးခြင်းခံခဲ့ရကာ စိတ်ခံစားချက်များ ထားရှိခွင့်မရှိခဲ့ပေ။ ရလဒ်အနေနဲ့ ရိုမန့်တစ်ဆန်သည့် ချစ်သူရည်စားဆက်ဆံရေးအကြောင်း လုံးဝမသိခဲ့တော့ပေ။

ပါးထျန်းယန်၏အမူအရာကြောင့် သူ စုန့်မန်နီကို သဘောကျနေပြီမှန်း ကုနင်းနားလည်သွားခဲ့သည်။

မန်နီလို့တောင် ခေါ်လိုက်တာပဲ!

တကယ်လဲ ပါးထျန်းယန်သည့် ကြည့်ကောင်းကာ ရင့်ကျက်သည့်အမျိုးသားတစ်ဦးဖြစ်ပြီး ပုံမုန်လေ့ကျင့်ခန်းလဲလုပ်တာကြောင့် ကြွက်သားအပြည့်ဖြင့် သန်မာသူဖြစ်သည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now