အပိုင်း ၁၃၉၉-၁၄၁၆ (Unicode)

1.2K 84 0
                                    

အခန်း ၁၃၉၉ ဒဏ်ရာရထားသည့်မိစ္ဆာကျင့်ကြံသူ

ရိုက်ကူးမှုတစ်ခုလုပ်ရန်အတွက် ရှုထောင့်အမျိုးမျိုးမှ ရိုက်ရသောကြောင့် တစ်ခန်းတစ်ခန်းကိုပင် အချိန်ကြာကြာ ရိုက်ကူးမှု လုပ်ရလေသည်။ ထို့ကြောင့် ထိုရိုက်ကူးမှုများအတွက် အစကနေ ပြန်လည်ရိုက်ကူး ရမည်ဖြစ်သည်။ သို့သော် သူတို့သည် ညမှအဖြစ်အပျက်ကြောင့် ကြောက်လန့်နေကြသည် ဖြစ်သည်။ အဆိုးဆုံးမှာ ထပ်ဖြစ်မည်ကို စိုးရိမ်နေကြခြင်းပင်။

"ရပါတယ်.. ဒီည လိုက်ခဲ့ပေးပြီး တစ်ခုခု ဖြေရှင်းကြည့်တာပေါ့။" ကုနင်း ပြောလိုက်သည်။ ရိုက်ကူးရေးသမားများအနေနှင့် ထပ်ရိုက်ရဲကြတော့မည် မဟုတ်သလို သူမလည်း ထပ်အဖြစ်ခံတော့မည် မဟုတ်ပါချေ။

ကုနင်းက ထိုသို့ ပြောလိုက်သောကြောင့် လီမြောင်စုန့်ကလည်း သဘောတူလိုက်သည်။

"ဟုတ်ပြီ..ကျွန်မ ဒါရိုက်တာလုကို ဖုန်းခေါ်လိုက်ဦးမယ်။"

"ကောင်းပါပြီ" လီမြောင်စုန့်လည်း ဖုန်းချလိုက်သည်။

ထို့နောက် ကုနင်းသည် လုကျန်းကို ဖုန်းခေါ်လိုက်သည်။

လုကျန်းနှင့် လုရှောင်းတို့သည်လည်း ထိုအကြောင်းကိုပင် ပြောနေကြခြင်းဖြစ်ရာ သူတို့လည်း အဖြေရှာမရသေးပါချေ။ လုကျန်းနှင့် လုရှောင်းတို့သည် ရိုက်ကူးရေးကုမ္ပဏီတွင် အလုပ်လုပ်ဖူးကြသောကြောင့် ပိုက်ဆံအမြောက်အမြား မကုန်ချင်ကြပေ။ ကုနင်းတွင် ပိုက်ဆံများစွာ ချမ်းသာသည် ဆိုသော်လည်း အကုန်အကျ သက်သာစွာနှင့် လုပ်ပေးချင်ခြင်း ဖြစ်သည်။

လုကျန်းသည် ကုနင်း၏ နာမည်ကို ဖုန်းတွင် တွေ့လိုက်သောအခါ အလျင်အမြန်ကောက်ကိုင်လိုက်သည်။

ကုနင်းသည် ညကအကြောင်းကို သိထားကြောင်း ပြောလိုက်ပြီး အခြားနေရာကို ရွှေ့စရာမလိုကြောင်းပြောလိုက်သည်။ သူမသည် သူတို့နှင့် အတူလိုက်ပြီး ပြဿနာကို ‌ဖြေရှင်းမည် ဖြစ်သည်။

လုကျန်းသည် ကုနင်း ထိုသို့ ပြောသောအခါ စိတ်သက်သာရာ ရသွားသည်။ သူမသည် ဇွန်ဘီးများကိုပင် နှိမ်နင်းနိုင်သူ ဖြစ်လေရာ ထိုပြဿနာသည် သူမအတွက် ပမွှားပင် ဖြစ်လေသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now