အခန်း 1039-1044 (Unicode)

1.2K 107 1
                                    

အခန်း ၁၀၃၉ ထွက်ပြေးသွားကြပြီ

 

“ဘာဖြစ်လို့လဲ?” ကုနင်းလဲ ရပ်လိုက်ကာ အဖိုးကြီးနှင့်လူငယ်ကို စိုက်ကြည့်လိုက်သည်။ သူတို့လန့်နေကြပြီဖြစ်ကြောင်း ကုနင်းသိသော်လည်း သူမကိုတားဖို့ ဘယ်လိုအကြံတွေထုတ်လာမလဲဆိုတာကိုတော့ သိချင်မိသေးသည်။

“အလုပ်ရှုပ်အောင်လုပ်မနေပါနဲ့။ ရဲတွေဆိုတာ နေ့တိုင်းနေ့တိုင်း အရမ်းအလုပ်များကြတဲ့လူတွေ။ အဖိုးအိုရဲ့ဒဏ်ရာကလဲ အရမ်းပြင်းထန်နေတာမဟုတ်ပါဘူး။ ယွမ်ရာကျော်လောက် လျော်ကြေးပေးလိုက်ရင် ပိုမကောင်းဘူးလား?” လူငယ်က ကုနင်းကိုကူညီပေးသလိုလိုနှင့် ဖျန်ဖြေပေးလာသည်။

ဒါလုံးဝအလိမ်အညာစကားပဲ။

“ဒါအလုပ်ရှုပ်ရာကျတယ်လို့မထင်ပါဘူး။ ပြီးတော့ ကျွန်မက ဘာလို့သူ့ကိုလျော်ကြေးပေးရမှာလဲ? ကျွန်မဘက်က ဘာအမှားမှမလုပ်ထားဘူး။ ဒဏ်ရာရသလိုဟန်ဆောင်တယ်ဆိုတာကသာ ဥပဒေနဲ့မညီတာလေ။” ကုနင်း၏အသံက အေးစက်လာသည်။

လူငယ်နှင့်အဖိုးအိုကတော့ သူတို့လှည့်ဖို့ကြိုးစားသည့်ကောင်မလေးက သန်မာသူဖြစ်နေမည်ဟု ထင်မှတ်မထားကြပေ။

ရဲသာရောက်လာရင် သူတို့တွေအဖမ်းခံရပြီး ရက်ပိုင်းလောက် အချုပ်ချခံရနိုင်သည်။ ထိုသို့တွေးမိသည်နှင့် နှစ်ယောက်သား အပြန်အလှန်အချက်ပေးကြည့်ကာ ထွက်ပြေးသွားကြတော့သည်။

ဒီလိုထွက်ပြေးသွားတာကပဲ သူတို့လူလိမ်တွေမှန်း ပိုသိသာသွားစေခဲ့သည်။

“လူလိမ်တွေပဲ!”

“အရှက်မရှိလိုက်ကြတာ!”

“ဒီလိုလူမျိုးတွေ အမှန်တကယ် ကားတိုက်ပြီးသေသွားသင့်တာ။”

“….”

သူတို့ထွက်ပြေးသွားပြီဆိုမှတော့ ကုနင်းလဲ ဘာမှဆုံးရှုံးမှုမရှိထား၍ လွှတ်ပေးလိုက်တော့သည်။

ဘေးလူများကတော့ လူငယ်နှင့်အဖိုးအိုကို ဆက်ပြီးအပြစ်တင်ဝေဖန်နေကြသေးပေမယ့် ကုနင်းကတော့ စိတ်ရှုပ်ခံမနေဘဲ ကားထဲသို့ပြန်ဝင်ကာ ချက်ချင်းမောင်းထွက်သွားသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now