အခန်း 1006-1020 (Unicode)

1.8K 134 1
                                    

အခန်း ၁၀၀၆ လက်ထပ်ပြီးပထမရက်

 

ကုမန့်နှင့်ထန်ယွင်ဖန်းတို့ ဝေးကွာခဲ့ရသည်မှာ ၁၉နှစ်တာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အချိန်ခဏလေးအတွင်း ပြန်လည်ရင်းနှီးမှုရှိသွားကြသည်။

ထန်ယွင်ဖန်း၏အိပ်ရာမှာ အလွန်ကောင်းမွန်လှတာကြောင့် သူတို့နှစ်ဦးဘယ်လောက်ပဲ လှုပ်ရှားနေပါစေ အသံမြည်ခြင်းမရှိပေ။

ဒါတင်မကသေး ထန်မိသားစုအိမ်တော်မှ အခန်းတိုင်းသည် အသံလုံစနစ်ကောင်းမွန်လှတာကြောင့် တခြားအခန်းများဆီသို့ အသံမပေါက်နိုင်ဘဲ စိတ်တိုင်းကျပျော်မွေ့နိုင်ပေသည်။

……..

ည၁၂နာရီထိုးပြီးချိန်အထိ ကလပ်မှာပျော်ခဲ့ကြကာ ထန်ကျားခိုင်ကစပြီး ညလယ်စာမုန့်ထွက်စားဖို့ အကြံပေးလာခဲ့သည်။ တစ်ဖွဲ့လုံးကလဲ ထိုအကြံကိုသဘောတူကြတာကြောင့် ညဈေးတန်းသို့သွားကာ စားသောက်ခဲ့ကြသည်။

အားလုံးစားသောက်ပြီးချိန်မှာတော့ မနက်၂နာရီပင်ထိုးနှင့်ပေပြီ။ ယနေ့ညမှာလဲ ကုနင်း၏အိမ်တွင် သူမဆွေမျိုးများတည်းခိုနေစဲဖြစ်တာကြောင့် လင်ရှောင်းထင်ကို အိမ်ခေါ်သွားလို့မရ၍ အပြင်မှာသာတစ်ညအိပ်လိုက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။

ထန်ကျားခိုင်နှင့်ထန်ကျားယန်က ထန်အိမ်တော်သို့ပြန်သွားစဉ် ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်း၏အိမ်သို့သွားခဲ့ပြီး ဟောင်ရန်တို့အဖွဲ့သည်တော့ ဟွမ်းဒင်ဟိုတယ်သို့ အသီးသီးပြန်ခဲ့ကြသည်။

ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ ယနေ့အတွက် တစ်ညတာကို ရှန်းရှစ်ဟိုတယ်တွင်ကုန်ဆုံးဖို့ရန် သွားခဲ့သည်။

ဟိုတယ်သို့ရောက်ပြီး သူတို့ပထမဆုံးလုပ်ဖြစ်သည့်အရာကတော့ ရေချိုးဖို့ပင်။ ဒီနေ့က တော်တော်လေးရှည်ကြာခဲ့ပေသည်။

“နင်းနင်း၊ ကိုယ်တို့ ရေအတူချိုးကြရင်မကောင်းဘူးလား?”

ပုံမှန်အားဖြင့် ရေချိုးမည်ဆိုလျှင် ဒါဇင်မိနစ်လောက်နှင့်ပြီးလောက်သော်လည်း ကုနင်းနှင့်လင်ရှောင်းထင်တို့အတွက်တော့ တစ်နာရီမျှကြာမြင့်သွားခဲ့သည်။ ဒါ့အပြင် ရေချိုးခန်းထဲမှ လုပ်ဆောင်ချက်သည် ထိုမျှနှင့်မပြီးဆုံးသွားခဲ့ဘဲ အိပ်ရာထက်သို့ပြောင်းရွှေ့ကာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အာရုံတက်ချိန်လောက်မှသာ အိပ်ပျော်သွားကြသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now