အပိုင်း ၁၂၀၁-၁၂၁၈ (Unicode)

1.2K 106 3
                                    

အခန်း ၁၂၀၁ တုကျင်းထုန် Vs ကုနင်း

ကျန်လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များသည်လဲ ချက်ချင်းကိုဖုန်းတွေထုတ်ကာ ကုနင်းအကြောင်း ရှာကြတော့သည်။

ကုနင်းနှင့်ပတ်သတ်သည့်သတင်းများကို ဖတ်ကြည့်ပြီးကြသည်နှင့် အားလုံးအံ့ဩသွားလေသည်။

"ဘုရားရေ၊ ဒီသတင်းတွေက အမှန်တွေပဲလား?" အဖွဲ့ဝင်စီက မယုံနိုင်စွာမေးလိုက်သည်။

"ဒါပေါ့၊ အမှန်တွေချည်းပဲ။" အဖွဲ့ဝင်အေက အတည်ပြုပေးလေသည်။

"အခုမှ၁၉နှစ်ပဲရှိသေးတာကို မယုံနိုင်စရာကောင်းလောက်အောင် အောင်မြင်နေပြီပဲ။"

"အထက်တန်းကျောင်းသူအရွယ်ပဲရှိသေးတာလား!"

"ဝါး၊ ဒီလောက်လူတွေအများကြီးကို ရိုက်နှက်ဖို့ အချိန်သိပ်တောင်မကြာလိုက်ဘူး။ အံ့ဩဖို့ကောင်းလိုက်တာ။"

"...."

အဖွဲ့ဝင်တွေအားလုံး ကုနင်းအကြောင်း သတင်းပေါင်းများစွာကို ဖတ်ကြည့်ပြီး အံ့ဩမဆုံးနိုင်ကြတော့ပေ။

"သူက နတ်ဘုရားမပဲ!"

"ဟုတ်တယ်လေ၊ အင်တာနက်ပေါ်ကလူတိုင်း သူ့ကို ကုနတ်ဘုရားမလို့ပဲခေါ်ကြတာ။"

"ဘာပဲဖြစ်ဖြစ် အခုကစပြီး ငါ့ရဲ့နတ်ဘုရားမလဲဖြစ်သွားပြီ။"

"...."

ထိုခဏလေးအတွင်းမှာပင် ထိုသန်မာလှသည့်အမျိုးသားများသည် ကုနင်း၏ဖန်များဖြစ်သွားကြလေသည်။

"ငါတော့ သူနဲ့တစ်ပွဲလောက်ပြိုင်ဖူးချင်တယ်!" အဖွဲ့ဝင်တစ်ဦးက မျှော်လင့်တကြီးပြောလိုက်ပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ အထင်အမြင်သေးသည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

"မေ့လိုက်စမ်းပါကွ၊ ဒီလိုလုံခြုံရေးအုပ်လိုက်ကြီးကိုတောင် မင်းတစ်ယောက်တည်း ချနိုင်လိမ့်မယ်လို့ မထင်ဘူး။"

"မင်းရောလုပ်နိုင်လို့လား..."

ထိုသို့ဖြင့် အချင်းချင်းစကားများနေကြချိန် ကုနင်းနှင့်လီကျုံးဝေ့တို့ကတော့ အဖွဲ့၁ရုံးခန်းထဲသို့ဝင်သွားကြလေသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now