အခန်း ၁၂၃၇ ကျေးဇူးပါ ကုနင်း
ထောင်ကျားယိ တက်သည့် ကျောင်းနာမည်နှင့် သူမအနိုင်ကျင့်ခံရသည့် နေရာတို့ကို သိသွားပြီးနောက် ကုနင်းတစ်ယောက် ကေ ကို ချက်ချင်းခေါ်လိုက်ကာ တစ်ချိန်ချိန် အသုံးဝင်လာနိုင်သော အနီးကပ်စောင့်ကြည့် ဗီဒီယိုတွေ ရိုက်ပေးရန် အကူအညီတောင်းလိုက်သည်။
ကုနင်း သည် မိန်းကလေး၏ မိသားစုနောက်ခံအခြေအနေတွေကို မသိသည့်အလျောက် သူမလက်ထဲ သက်သေရှိထားတာက ပိုကောင်းနိုင်သည်လေ။
ငါးမိနစ်ကြာပြီးနောက်တွင် ကေ သည် အနီးကပ်စောင့်ကြည့် ဗီဒီယိုများကို ကုနင်း ဆီ ပို့လိုက်လေသည်။
ထို့နောက် ထောင်ကျားယိ ၏ ဆရာမရောက်လာပြီး မိန်းကလေး၏ မိဘများ နောက်နေ့ ၉ နာရီတွင် ကျောင်းကို လာမည်ဆိုသည့်အကြောင်း ကုနင်း ကို ပြောလိုက်သည်။
ကုနင်း ကတော့ ကျေနပ်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ရှိနေလေသည်။
အားလုံးပြီးသွားပြီးနောက် သူမသည် ဆရာမ ကျန်းချိုးဟွာ ကို-
"ဆရာမကျန်း.. အိမ်ပြန်လိုက်ပို့ပေးမယ်လေ" ဟု ပြောလိုက်သည်။
"ကျေးဇူးပါကွယ်"
သူမ၏ ခင်ပွန်းသည်မှာ အလုပ်ခရီးတစ်ခုသွားနေပြီး ထောင်ကျားယိ ကလည်း ဒဏ်ရာရထားသောကြောင့် ကုနင်း၏ အကူအညီကို လိုအပ်နေသည်လေ။
ကုနင်း က ပြုံးလိုက်ရင်း "ဘာမှ အပန်းမကြီးပါဘူး" ဟု ပြန်ပြောလိုက်သည်။
ထို့နောက်တွင်တော့ ကုနင်းတစ်ယောက် အန်းကွမ်းမင်ကို နှုတ်ဆက်စကားပြောပြီး ထွက်လာခဲ့တော့သည်။
ကျန်းချိုးဟွာကလည်း ကူညီပေးခဲ့တဲ့ အန်းကွမ်းမင်ကို ကျေးဇူးတင်စကားပြောနေလေသည်။
အပြင်ကို လမ်းလျှောက်ထွက်လာပြီးနောက် ကုနင်းတစ်ယောက် အန်းချင်ကို ထပ်ဖုန်းခေါ်လိုက်သည်။
ဒီလိုနှင့် အန်းချင်တစ်ယောက် အလုပ်ဆင်းဖို့ ၁၀ မိနစ်လိုသေးသော်လည်း စောဆင်းလိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။