အပိုင်း 1129-1146 (Unicode)

1.7K 110 2
                                    

အခန်း ၁၁၂၉ ကုနင်းကိုလျှော့တွက်ကြတယ်လား

ကုနင်းအိမ်ကထွက်လာပြီးနောက် ကေကိုဖုန်းဆက်ကာ သူမလိုချင်သည့်စောင့်ကြည့်ကင်မရာမှဗီဒီယိုများရှာပေးဖို့ရန် ပြဿနာအကြောင်း အကြမ်းဖျင်းပြောပြလိုက်သည်။

ထို့နောက် လင်ရှောင်းထင်ကိုလဲ ဒီမနက်ခင်းပိုင်းတုန်းက Charmတွင် သူမနှင့်လင်ရှောက်ကျားတို့ ပြဿနာဖြစ်ခဲ့ကြောင်းပြောပြလိုက်သည်။ လက်ရှိပြဿနာတွင် လင်ရှောက်ကျားနှင့် တစ်နည်းတစ်ဖုံပတ်သတ်နေလောက်မည်ဟု သူမသံသယဝင်နေတာကြောင့်ပင်။

ဒီလိုပြဿနာမျိုးတွေကို လင်ရှောင်းထင်အားမပြောချင်ပေမယ့်လဲ သူလဲ လင်မိသားစုဝင်ဖြစ်နေတာကြောင့် သိထားဖို့လိုအပ်မည်ဟု တွေးမိကာ ပြောပြလိုက်ခြင်းဖြစ်သည်။

ကုနင်းထံမှ အကြောင်းအရာများကိုနားထောင်ပြီးနောက် လင်ရှောင်းထင် ဒေါသထွက်သွားသည်။ ပုံမှန်ဆို လင်ရှောက်ကျား သူ့အပေါ် ဘယ်လိုမျိုးမကောင်းပါစေ သူလျစ်လျူရှု၍သာ နေခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သူမက ကုနင်းကိုအခက်တွေ့အောင်လုပ်လာပြီဖြစ်တာကြောင့် သူဆက်ပြီးသည်းမခံနိုင်တော့ပေ။

ကုနင်းသာ သူ့အကူအညီလိုအပ်ပါက ဘယ်လိုအခြေအနေမျိုးဖြစ်ပါစေ သူအပြည့်အဝပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဒါ့အပြင် ကုနင်းဆိုသည်က လင်ရှောက်ကျား သွားရှုပ်လို့ရသည့်လူမျိုးလဲမဟုတ်ပေ။ လင်ရှောက်ကျားက သူနဲ့အမျိုးတော်သည်ဆိုဦး သူအတွက်တော့ ကုနင်းသည်သာ ပို၍အရေးပါပေသည်။

ကားလမ်းပိတ်ချိန်မဟုတ်တာကြောင့် မိနစ်၂၀တည်းနှင့် ဈေးဝယ်စင်တာသို့ အရောက်သွားနိုင်ခဲ့သည်။

သူတို့မြေအောက်ကားပါကင်တွင် ကားရပ်ပြီးသည်နှင့် ချက်ချင်းဆိုင်ရှိရာသို့ သွားခဲ့ကြသည်။ ဒါကြောင့် ယုကျီ ဖုန်းဆက်လာပြီး နာရီဝက်တည်းနဲ့ ကုနင်းအရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ယုကျီနှင့်တခြားဝန်ထမ်းတွေအားလုံး သူမကိုစောင့်ဆိုးနေကြလေသည်။

ပြဿနာရှာသည့်အမျိုးသမီးနှင့် သူမလာဘ်ထိုးထားသည့် သတင်းထောက်များလဲ စောင့်နေကြသည်။ ဆိုင်ထဲတွင် ရှိနေခဲ့ကြသည့် ဝယ်သူအများစုသည်လဲ ရလဒ်ကိုသိချင်နေလေသည်။ သူတို့က Charmမှဂါဝန်များကို အမြဲမှာဝတ်ဖို့အထိ တွေးထားခဲ့ကြသူများဖြစ်တာကြောင့် လက်ရှိပြဿနာ၏ရလဒ်က သူတို့အတွက် အရေးကြီးလှသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now