အပိုင်း ၁၅၇၆-၁၅၇၈

885 60 0
                                    

အခန်း၁၅၇၆ နှင်းကြာပန်းကို လိုက်ဖမ်းခြင်း...


နှင်းကြာပန်း၏ အနံ့ကိုရသောကြောင့် ကျောင်းလုံ ပြန်ရောက်လာခဲ့သည်။ ထိုပန်းက ကျင့်ကြံသူများအတွက်သာ အထောက်အကူဖြစ်ခြင်းမဟုတ်ပဲ ဧရာမသတ္တဝါကြီးများ (သို့မဟုတ်) သားရဲများအတွက်လည်း အသုံးဝင်လှပေသည်။ ကျောင်းလုံက အတော်လေး စိတ်လှုပ်ရှားခဲ့ရပေမယ့် ကံမကောင်းစွာဖြင့် နှင်းကြာပန်းကို ရှာမတွေ့တော့ပေ။

ကျောင်းလုံက နှင်းကြာပန်းထက် ပိုနှေးသောကြောင့် မဟုတ်ပေမယ့် ၎င်းက သူ့မျက်လုံးများထဲတွင် သေးလွန်းသောကြောင့် ၎င်း၏ အရိပ်အယောင်ကို သူ ရှာမတွေ့တော့ပေ။

ကျောင်းလုံက ကြီးမားလွန်းသောကြောင့် နှင်းကြာပန်းသည် ၎င်းကိုပုန်းရန် အလွန်လွယ်ကူခဲ့သည်။

နှင်းကြာပန်းသည် ကျောက်တုံးများကြားရှိ နေရာလွတ်တစ်ခုထဲသို့ အလျင်အမြန် ဝင်ပြေးသွား၍ ကျောင်းလုံသည် ၎င်းနှင့်ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တော့ပေ။ ထို့အပြင် ကျောင်းလုံ က လင်ရှောင်းထင်အား အနှောင့်အယှက်ဖြစ်စေမည့် ကျယ်လောင်သော ဆူညံမှုများကို မလုပ်ချင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူတို့ကြားမှ အကွာအဝေးက (၁၀)မီတာထက် ပိုနည်းသရွေ့ ကျောင်းလုံက နှင်းကြာပန်း၏ အနံ့ကို ခံနိုင်ဆဲဖြစ်ပြီး ထိုနေရာအနီးသို့ လိုက်သွားခဲ့သည်။

"ငါလည်း အဲ့ဒါကို တွေ့လိုက်ပေမယ့် ထွက်ပြေးသွားတယ်... မင်းဒီနေရာမှာနေပြီး လင်ရှောင်းထင်ကို စောင့်ကြည့်နေ။ ငါသူ့နောက်ကို လိုက်မယ်။" ဟု ကုနင်းက ပြောလိုက်သည်။

သူမက နှင်းကြာပန်းကို ဖမ်းနိုင်လျှင် ကျောင်းလုံနှင့်အတူ ၎င်းကို မျှဝေရန် သူမ မေ့မည်မဟုတ်ပေ။

လင်ရှောင်းထင်က အဆင့်နိမ့်သေးသောကြောင့် နှင်းကြာပန်းတစ်ခုလုံး၏ စွမ်းအင်ကို မစုပ်ယူနိုင်ပေ။ သူက ပန်းတစ်ပွင့်လုံးကို ယူလျှင် သူ၏ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည်။ ထို့အပြင် ကျောင်းလုံသည် ယခုအချိန်တွင် သူမအား များစွာ ကူညီပေးခဲ့ပြီး နဂါးတစ်ကောင် ဖြစ်လာရန် ၎င်းအတွက် အထောက်အကူဖြစ်သော တစ်စုံတစ်ခုကို သူမက ပေးသင့်လေသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now