အခန်း ၁၅၅၉ မင်းတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်...
ကုနင်းကို မှတ်မိသွားသော လူအများက ချက်ချင်းပင် သူမကို ဝန်းရံ လိုက်ကြပြီး သူမ၏အမည်ကို စီစီညံအောင် အော်ကြတော့သည်။
"ကုနတ်ဘုရားမ... ကုနတ်ဘုရားမ..."
"ကုနတ်ဘုရားမ... ငါက မင်းရဲ့ ဖန်အကြီးစားပဲ..."
"ငါမင်းကိုချစ်တယ်... ကုနတ်ဘုရားမ..."
"..."
"ရှင်တို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။" ဟု ပြောကာ ကုနင်းက သူမ၏ဖန်များကို ပြုံးပြလိုက်သည်။
"အိုး.. နောက်ဆုံးတော့ ကုနတ်ဘုရားမကို အပြင်လောကမှာ ငါတွေ့ရပြီပေါ့... အင်တာနက်ပေါ်က သူ့ပုံတွေထက် ပိုပြီးတောင် လှနေသေးတယ်။"
"ဝိုး... သူ့ရဲ့အသားအရေက အရမ်းကောင်းပြီး ဝင်းလက်တောက်ပ နေတာပဲ..."
" သူ့မျက်နှာပေါ်မှာ မိတ်ကပ်လုံးဝ မတွေ့ရဘူး။"
"သူ့ရဲ့အသားအရေကို ထိန်းသိမ်းဖို့ ခိုကျီ သုံးတာပဲဖြစ်ရမယ်။"
"ငါလဲ ခိုကျီ ကို သုံးနေတာ..."
"ဟေး... ကုနတ်ဘုရားမဘေးမှာ ရပ်နေကြတဲ့ ကောင်လေးနဲ့ ကောင်မလေး ကို ကြည့်လိုက်... သူတို့လဲ ကြည့်ကောင်းကြတယ်..."
"သူ့ရဲ့ဝတ်စုံကို ငါသဘောကျတယ်... သူက အရမ်း ကျော့ရှင်းနေတာပဲ..."
"သူ့ရဲ့ဝတ်စုံမျိုး ငါဝယ်ချင်တယ်..."
"ငါဆိုင်ထဲမှာ တွေ့လိုက်တယ်..."
"တကယ်လား... ငါအဲ့ဒါကို ဝတ်ကြည့်ချင်တာ..."
"ငါရောပဲ..."
"..."
"သတိထားကြပါ၊ အနားက တခြားလူတွေကိုမတွန်းကြပါနဲ့။ လူအုပ်ထဲမှာ မထိခိုက်မိစေနဲ့။" ဟု ပရိသတ်များ ကျိတ်ကျိတ်တိုးကာ ဆူညံလာချိန်တွင် ကုနင်းက ပြောလိုက်သည်။
ထိုအခါ လူအုပ်ကြီးက စက္ကန့်ပိုင်းအတွင်း ငြိမ်ကျသွားသဖြင့် ကုနင်း၏ စကားများက မှော်ဆန်ပုံရခဲ့သည်။
ထို့နောက် ကုနင်းက ဆိုင်ထဲသို့လျှောက်လာခဲ့ပြီး လူများကလည်း သူမနောက်မှ လိုက်လာခဲ့ကြသည်။