အပိုင်း ၁၂၇၃-၁၂၉၀ (Unicode)

1.3K 108 3
                                    

ဖီးနစ်သွေးစက်
စာစဉ် ၈၃

အခန်း ၁၂၇၃ မာဆအိချီ ယိုရှီဒါ

၂ နာရီထိုးရန် ၁၀ မိနစ်ခန့်အလိုတွင် Rနိုင်ငံမှ ပြောင်းလာသောကျောင်းသားသည် သူ၏သူငယ်ချင်းလေးယောက်နှင့်အတူ ရောက်လာခဲ့သည်။

ထိုလေးယောက်သည် တကယ်တော့ သူ၏ကျိုးနွံသော ဘက်တော်သားမျှသာဖြစ်သည်။

"သူ့နာမည်က မာဆအိချီ ယိုရှီဒါ .. သူ့မိသားစုက ချမ်းသာပြီး Rနိုင်ငံမှာ အရှိန်အဝါကြီးတယ်.. ဟိုလေးယောက်ကတော့ သူ့သူငယ်ချင်း ခိုင်းဖော်ခိုင်းဖက်တွေပေါ့" လင်းဖေးက ကုနင်းကို ပြောပြလိုက်သည်။ လင်းဖေးသည် ထိုလေးယောက်ကို မုန်းတီးနေလေသည်။

ကုနင်း သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ မပြောပါချေ။

သူတို့ လင်းဖေး နားသို့ရောက်လာချိန်တွင် သူ့ကို မကြည်လင်စွာဖြင့် ကြည့်လိုက်ကြသော်လည်း ကုနင်းကို မြင်လိုက်သောအခါတွင်တော့ သူမ၏ အလှအပတွင် မျောပါသွားကြလေသည်။ မာဆအိချီ ယိုရှီဒါသည် ကုနင်းကို ခြေဆုံးခေါင်းဆုံး ကြည့်နေသောကြောင့် သူမသည်ပင် စိတ်ပျက်နေလေသည်။

ထို့ကြောင့်လည်း သူ့ကို သင်ခန်းစာပေးရန် သူမဆုံးဖြတ်လိုက်သည်။

"ဟုတ်ပြီ ငါတို့အားလုံးရောက်ပြီဆိုတော့ စလိုက်ကြတာပေါ့" သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။

"အင်း ငါမနေ့က ထောင်ချောင်ဆင်ခံရပြီး ထိခိုက်သွားလို့ ဒီနေ့ကားမမောင်းနိုင်ဘူး... မစ္စကုက မာဆအိချီ ယိုရှီဒါ ကို ငါ့အစားပြိုင်ပေးလိမ့်မယ်.. အဆင်ပြေတယ်မလား?" လင်းဖေးက မာဆအိချီ ယိုရှီဒါဘက်သို့ လှည့်ရင်းပြောလိုက်သည်။

ထောင်ချောက်ဆင်ခံရသည်မှာ သူတို့ကြောင့်မှန်းသိသော်လည်း သက်သေမရှိသောကြောင့် လင်းဖေးလဲ ဘာမှ မမေးလိုက်ချေ။ တကယ်တော့ သက်သေရှာရန် မခက်ခဲသော်လည်း သူ့မိသားစုကို စိတ်မပူစေချင်ခြင်းကြောင့်ဖြစ်သည်။ မာနလည်း မထိခိုက်ချင်သောကြောင့် မာဆအိချီ ယိုရှီဒါကို အနိုင်ပိုင်းဖို့သာ စိတ်ဆုံးဖြတ်ထားလေသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now