အပိုင်း ၁၆၀၁-၁၆၀၅

260 22 0
                                    

အခန်း ၁၆၀၁ ငါက ကလေးမဟုတ်ပါဘူး


"မင်းအဘိုးထက် မင်းဆရာနဲ့ ဈေးဝယ်ရတာ ပိုကြိုက်တာလား?" သခင်ကြီးလင် က မေးခွန်းထုတ်သည်။

"ကျွန်တော့်ရဲ့ ဆရာက ဒီနေ့မှ မြို့တော်ကို လာတာပါ သူ့မှာ အဝတ်အစားလည်း မရှိ‌သေးလို့ အခု အတူတူ ဈေးဝယ်ထွက်နေတာ။ အဘိုး အခုချက်ချင်း ရှော့ပင်ထွက်ချင်ရင် အဘိုးရဲ့ ဒါရိုက်ဘာကို ဒီကို မောင်းခိုင်းလို့ရတယ်‌လေ။ နင်းနင်းနဲ့ ကျွန်တော် အဘိုးကို စောင့်လို့ရပါတယ်။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

စောနေသေးသည့်အတွက် အိမ်ပြန်ရန် အလျင်စလို မဖြစ်ပေ။ ထို့အပြင် လင်ရှောင်းထင်သည် သခင်ကြီးလင်နှင့် ရှမ့်ကွမ်ယန်တို့သည် သူငယ်ချင်းဖြစ်နိုင်သည့်အတွက် တွေ့ဆုံရန် လိုအပ်သည်ဟု ယူဆသည်။

ရှမ့်ကွမ်ယန်သည် သူ၏ သီးသန့်ဆရာဖြစ်သောကြောင့် သူ့မိသားစုနှင့် မိတ်ဆက်ပေးလိုစိတ်လည်း ရှိသည်။

"ဘာလဲ? မင်းက ငါကို ငါ့ဘာသာလာ‌စေတာချင်လား?" သခင်ကြီးလင်က ပိုလို့တောင် မကျေမနပ်ဖြစ်သွားသည်။

"ကျွန်တော်အဘိုးကို လာခေါ်လို့ရပါတယ်။"

"ထားလိုက်ပါ၊ ငါ အခု ဈေးဝယ်ထွက်ဖို့ စိတ်မ၀င်စား‌ဘူး။ မင်းဘာသာမင်းသာ ပျော်နေလိုက်။" လို့ သခင်ကြီးလင် ကပြောပြီး လင်ရှောင်းထင်၏ ဖုန်းကိုချလိုက်သည်။

သခင်ကြီးလင်သည် သည်းမခံနိုင်ခြင်း မဟုတ်ပဲ လင်ရှောင်းထင်သည် ယနေ့ သူ၏ ဆရာကို ပြုစုရမည်ဆိုတာကို သူနားလည်သည်။ သူသည် လင်ရှောင်းထင် တို့နှင့် ဈေးဝယ်ရန် ငြင်းဆိုရခြင်းမှာ ၎င်းသည် အကြံဉာဏ်ကောင်းမဟုတ်ဘဲ သူ့ကိုယ်သူ လူသိရှင်ကြား ပြသရန် အဆင်မပြေသောကြောင့် ဖြစ်သည်။

"အဘိုး ကျွန်မတို့ကို စိတ်ဆိုးသွားတာလား?" ကုနင်းက စိုးရိမ်စိတ်ဖြင့် မေးသည်။

"အဲ့လိုတော့ မဟုတ်ပါဘူး။ အဘိုးက စိတ်တော့မဆိုးဘူး ဒီတိုင်း ကိုယ့်ကိုခေါ်ဖို့ အကြောင်းပြချက် ပေးရုံပါပဲ။ ကိုယ်ဒီရက်ပိုင်း အလုပ်မရှုပ်ဘူးဆိုတာ သူသိတယ်လေ။" လင်ရှောင်းထင်က ရှင်းပြသည်။ သာမာန်အားဖြင့် သူသည် အလွန်အလုပ်များပြီး အရေးတကြီး တစ်စုံတစ်ရာ ပေါ်ပေါက်မှသာ သခင်ကြီးလင်က သူ့ကိုခေါ်လေ့ရှိသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now