အပိုင်း ၁၅၈၉-၁၅၉၃

248 24 0
                                    

အခန်း ၁၅၈၉ အတူတူပျံသန်းကြစို့...


ထိုရက်များအတောအတွင်း သူမ၏ မယုံကြည်နိုင်စရာကောင်းသော အရည်အချင်းကို ပြသခဲ့သည့် "ထန်အိုက်နင်း" ကို သူ၏လူများက မရှာနိုင်သေးပေ။ သူမက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေလျှင်တောင်မှ သူ သိမည်မဟုတ်ပေ။

ထိုအရာကို တွေးမိသောအခါ ထန်ပင်းစန်က ထိတ်လန့်သွားခဲ့သည်။ "ထန်အိုက်နင်း" က သူ အမှားတစ်ခု ကျူးလွန်မိဖို့ စောင့်နေတာ ဖြစ်နိုင်သည်။

ထိုသို့ဖြစ်ခဲ့လျှင် ချီကျီယွဲ့ကို သတ်ဖို့ သူ ဆုံးဖြတ်ချက် မချမီ ထန်ပင်းစန် နှစ်ခါ ပြန်၍ စဉ်းစားရပေမည်။

ချီကျီယွဲ့ကို အခုချက်ချင်း သတ်ပစ်ရန်က သူ့အတွက် မလိုအပ်ပဲ ချီကျီယွဲ့၏ ပါးစပ်ကို ပိတ်ဖို့ သူ့တွင် အခြားသော နည်းလမ်းများစွာ ရှိလေသည်။

"ကောင်းပြီလေ... ငါ မင်းကို မသတ်ပေမယ့် အသက်ရှင်ရတဲ့ နာကျင်မှုကို မင်း ခံနိုင်ရည် ရှိရဲ့လား?" ဟု ထန်ပင်းစန်က ပြောလိုက်သည်။

ချီကျီယွဲ့သည် ယင်းထသောအချိန်၌ တကယ့်ကို ကြီးမားသော ညှဉ်းပန်းမှု ဖြစ်ခဲ့သောကြောင့် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

ထန်ပင်းစန်က ချီကျီယွဲ့ ကို ဘာမှမပြောတော့ဘဲ နောက်တော့ ထွက်သွားခဲ့သည်။

အမှန်တကယ်တော့ သူ၏ ရန်သူအစစ်က "ထန်အိုက်နင်း" ဖြစ်သောကြောင့် ယနေ့ည ဤနေရာသို့ လာမိတာကို သူ နောင်တရသွား ခဲ့သည်။

ချီကျီယွဲ့သည် ယခုအခါ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပြီ ဖြစ်သောကြောင့် "ထန်အိုက်နင်း" ကို အာရုံစိုက်ရပေမည်။

"ထန်အိုက်နင်း" ကို ဘယ်မှာမှ ရှာမတွေ့သေးသောကြောင့် ထိုရက်များတွင် သူ အိပ်မပျော်နိုင်ခဲ့ပေ။

ပိုဆိုးသောအရာမှာ ကုမ္ပဏီတွင် တစ်ချိန်တည်း၌ ထန်ချင်းယန်က ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာများက ပိုပိုပြီး ထောက်ခံလာခဲ့ကြသည်။ သူ့တွင် ပြဿနာရှိလျှင် ထန်ချင်းယန်က သူ့နေရာကို အစားထိုးဝင်ရောက်ကာ သူ့မျက်လုံးထဲတွင် လုံးဝ လက်မခံနိုင်သော ကုမ္ပဏီ၏ ခေါင်းဆောင်အသစ် ဖြစ်လာနိုင်သည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now