အပိုင်း ၁၄၅၃-၁၄၇၀ (Unicode)

1K 74 0
                                    

အခန်း ၁၄၅၃ စွမ်းအင်ကိုချီ အဖြစ်ပြောင်းခြင်း


"ကဲပါ.. အခု ကျွန်မပြောတာကို နားထောင်ပြီး လိုက်လုပ်ကြည့်.. အလုပ်ဖြစ်မဖြစ် ကြည့်ကြတာပေါ့။" ကုနင်းက ပြောလိုက်သည်။ "စိတ်ကိုလျှော့ပြီး တပလ္လ‌င်ခွေထိုင်လိုက်။"

လင်ရှောင်းထင်သည် သူမပြောစကားအတိုင်း လိုက်ထိုင်လိုက်သည်။ သူသည် ကျင့်ကြံခြင်းကို လေ့ကျင့်ရမည် ဖြစ်သောကြောင့် ညအလင်းပုလဲကို အသုံးပြုလို့မရပေ။

"၀မ်းဗိုက်ပိုင်းကို အာရုံစိုက်ပြီး အသက်ကို ၀၀ရှူ.. အသက်ကို ရှူတဲ့အခါ ငယ်ထိပ်ကိုရောက်အောင် အားပြင်းပြင်းနဲ့ ရှူပြီး အဲဒီလေကို ၀မ်းဗိုက်ပိုင်းဆီကို ပို့။"

လင်ရှောင်းထင်သည် သူမပြောသည့်အတိုင်း လိုက်လုပ်နေသော်လည်း အစပိုင်းတွင် လွယ်လွယ်နှင့် လုပ်လို့မရသောကြောင့် ထပ်ခါထပ်ခါ လေ့ကျင့်နေရသည်။ သို့သော် လင်ရှောင်းထင်သည် စိတ်ရှည်သူဖြစ်ပြီး ကျရှုံးခြင်းသည် အောင်မြင်ခြင်း၏ လမ်းစဖြစ်ကြောင်း ကောင်းကောင်းနားလည်သူဖြစ်သည်။

ပုံမှန်အားဖြင့် မှော်စွမ်းအင်ကို စုပ်ယူရန် လ၀က်ခန့် သင်ယူရမည် ဖြစ်ရာ ကုနင်းနှင့် လင်ရှောင်းထင်သည် အကြိမ်ကြိမ် ကျရှုံးသည့်တိုင် စိတ်မပျက်ကြပါချေ။

ကုနင်းသည်လည်း စွမ်းအင်ကို ချီ အဖြစ် မည်သို့ပြောင်းလဲရမှန်း မသိသောကြောင့် ထပ်ခါထပ်ခါ ကြိုးစားနေကြရသည်။

လင်ရှောင်းထင်သည် တည်ငြိမ်စွာပင် အကြိမ်ကြိမ် ကြိုးစားနေသည်။ သူသည် ထက်မြက်သူ ဖြစ်သောကြောင့် အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် အပြောင်းအလဲတစ်ချို့ကို စတင်ခံစားလာရသည်။ စကြ၀ဠာ၏ အနှစ်သာရများသည် လင်ရှောင်းထင်၏ စုပ်ယူလေ့ကျင့်မှုမှ တစ်ဆင့် ၀မ်း‌‌ဗိုက်တွင်းသို့ ရောက်ရှိလာသည်။

ကုနင်းသည် လင်ရှောင်းထင်တစ်ယောက် ကျင့်စဉ်မှန်ကို ရှာတွေ့သွားသောကြောင့် ၀မ်းသာနေသည်။

လင်ရှောင်းထင်သည် မှော်စွမ်းအင်ကို စုပ်ယူနိုင်ပြီဆိုသော်လည်း ချီ အဖြစ်ပြောင်းလဲဖို့တော့ သင်ယူရဦးမည်ပင်။ သူသည် စွမ်းအင်များကို အဆုံးမရှိ လည်ပတ်စီးဆင်းနေအောင် လုံလောက်စွာ သိုလှောင်ထားရမည် ဖြစ်ပြီး ထိုသို့ စီးဆင်းစေရင်းဖြင့် ချီအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now