အပိုင်း ၁၅၆၁-၁၅၆၃

454 41 0
                                    

အပိုင်း၁၅၆၁ သခင်ကြီးလင် အမှန်တရားကို စုံစမ်းရရှိသည်...


သခင်ကြီးလင်က လူနာဆောင်တံခါးကို ရုတ်တရက် ကန်ဖွင့်လိုက်သည်။

"ငါသိရင် ဘာဖြစ်မှာလဲ?" ဟု သခင်ကြီးလင်က ကျယ်လောင်စွာအော်လိုက်သည်။

ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ နှစ်ဦးစလုံး သခင်ကြီးလင်ကို တွေ့လိုက်ရချိန်တွင် လန့်သွားကာ မင်သက်သွားခဲ့ကြသည်။ သခင်ကြီးလင်က မမျှော်လင့်ပဲ ရောက်လာခဲ့သည့်အတွက် သူတို့ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။

"အ.. အဖေ... ဒီနေရာကို ဘယ်အချိန်က ရောက်နေခဲ့တာလဲ..." ဟု ကျန်းရှူးယွမ်က မေးလိုက်သည်။

"ငါဒီနေ့ ဒီကိုမလာခဲ့ရင် လင်ရှောက်ကျား လုပ်ခဲ့တဲ့ဟာတွေကို ငါသိရမှာမဟုတ်ဘူး..."

ထို့နောက် သူက လင်ရှောက်ကျားကို လှည့်မေးလိုက်သည်။

"ပြော... ငါ့နောက်ကွယ်မှာ ကုနင်းကို မင်း ဘာလုပ်ခဲ့လဲ?"

"သမီး... သမီး..."

လင်ရှောက်ကျားက ပြောရန် လုပ်လိုက်ပေမယ့် ရုတ်တရက် ဘာပြောရမှန်း မသိခဲ့ပေ။

"အဖေ... အဖေ မှားပြီး ကြားခဲ့တာ... ဒါက နားလည်မှုလွဲနေတာပါ..." ဟု ကျန်းရှူးယွမ်က ဝင် ပြောလိုက်ပြီး ၎င်းကို ငြင်းဆိုရန် ကြိုးစားခဲ့သည်။

သခင်ကြီးလင်ကို အရူးလုပ်ဖို့ မလွယ်ကြောင်း သူမ သိပေမယ့် ၎င်းကိုဝန်ခံရန် သူမ တွန့်ဆုတ်နေခဲ့သည်။

"ငါနားမလေးဘူး... ပြီးတော့ သူတို့လဲ နားလေးမနေဘူး..." သခင်ကြီးလင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ ယနေ့တွင် သူက လုံခြုံရေးအစောင့်များနှင့်အတူ လာခဲ့ခြင်းဖြစ်ပြီး သူတို့က အလွန်ကောင်းသော အထူးအဖွဲ့များ ဖြစ်ကြသည်။

"အင်း..."

ကျန်းရှူးယွမ် မှာ ယခု ဘာပြောရမည်မှန်း မသိတော့ပေ။

သခင်ကြီးလင်က လူကြီးတစ်ယောက်ဖြစ်ပေမယ့် သူက နားမဝေးပေ။

" လင်ရှောက်ကျားက ကုနင်းကို ဘာလုပ်ခဲ့တာလဲ။ ရိုးရိုးသားသားပြောစမ်း၊ ငါမင်းကို သက်သက်သာသာ အပြစ်ပေးမယ်။ မဟုတ်ရင် နင်းနင်းနဲ့ ရှောင်းထင်ကို ငါကိုယ်တိုင် သွားမေးမယ်။" ဟု သခင်ကြီးလင်က ပြောလိုက်သည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now