အပိုင်း ၁၄၇၁-၁၄၈၈ (Unicode)

1K 80 2
                                    

အခန်း ၁၄၇၁ အဆင့်နိမ့်သူနှင့် လက်ထပ်ခြင်း


သူတို့အတွက် မိသားစုနောက်ခံ အခြေအနေသည် အိမ်ထောင်ပြုရာတွင် အရေးကြီးဆုံး အချက်ဖြစ်ပြီး ရုပ်ရည်သွင်ပြင်များသည် အရေးမကြီးပါချေ။

"လူတွေက ဘာလို့ မိသားစုစီးပွားရေးနဲ့ ကိုယ့်သားသမီးရဲ့ အိမ်‌ထောင်ရေးကို ရောထွေးနေကြတာလဲ နားမလည်နိုင်ဘူး။"

"ငါကတော့ အဲဒီလို အကျိုးအမြတ်မျှော်ကိုးပြီး အိမ်ထောင်ချရင် သူတို့ကလေးတွေအတွက် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရနိုင်မယ်မထင်ဘူး။"

"အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်လိုလုပ်တည်မြဲမှာလဲ။"

"ပိုက်ဆံက အရေးကြီးတယ်ဆိုပေမယ့် ဘ၀ကလည်း အရေးကြီးတယ်။"

"ဟုတ်တယ် ဘ၀မှာ ပျော်ရွှင်ဖို့ကလည်း အရေးကြီးတာပဲ။"

"..."

ဧည့်သည်အချို့သည် ထန်ယရှင်း နှင့် ချီကျီယွဲ့ တို့အကြောင်း ပြောနေကြသည်။

"သူတို့ ယူကြတယ်ဆိုမှတော့ ချစ်တာတော့ ချစ်ကြမှာပါ.. ဒါပေမယ့် သူတို့နှစ်ယောက်က အဆင့်အတန်းချင်း ကွာဟလွန်းတယ်။"

"ဟုတ်တယ် ငါကတော့ ပိုက်ဆံကိုမကြည့်ပဲ အချစ်စစ်ကိုပဲ ရှာဖွေချင်တယ်။"

"အချစ်စစ်တဲ့လား.. ငါကတော့ အဲဒါတွေ အယုံအကြည်မရှိဘူး။"

"အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်။"

"ဟုတ်တော့ဟုတ်ပေမယ့် လူတိုင်းအတွက်တော့ မဖြစ်နိုင်ပါဘူး။"

"အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး လက်တွေ့ဆန်တယ်.. သူတို့က အမြဲတမ်း သူတို့တက်လမ်းကိုပဲကြည့်ပြီး လက်ထပ်ကြတာ.. ငါကတော့ ကိုယ်တွေ့ပဲဟေ့။"

တကယ်တမ်းတွင် လောက၌ လူအမျိုးမျိုး စိတ်အထွေထွေပါပင်။ ပျော်ရွှင်စရာ အိမ်ထောင်ရေး ဖြစ်မဖြစ် ဆိုသည်မှာလည်း တစ်ဦးချင်းစီ၏ ကံပင်ဖြစ်သည်။ ယခုခေတ်တွင်ဆိုလျှင် လက်ထပ်ပြီးမှ ပြောင်းလဲသွားသူများလည်း တစ်ပုံတစ်ခေါင်းပါပင်။ ထို့ကြောင့် အိမ်ထောင်ရေး ခရီးလမ်းကို သတိထားပြီး လျှောက်လှမ်းရမည် ဖြစ်သည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now